မင်းလှမြို့နယ်တွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

မင်းလှ ၂၁  သြဂုတ်

 

သာယာဝတီခရိုင်အဆင့်ကိုယ်စားပြု ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲအခမ်းအနားကို မင်းလှမြို့နယ် အမှတ်(၂)ရပ်ကွက်၊ မြို့မ စာသင်တိုက်တွင်  ယနေ့ နံနက် ၉ နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

 

ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ကရင်အမျိုးသားသီချင်းဖြင့် ကရင်အမျိုးသား အလံအားအလေးပြုပြီး၊ ကြို့ပင်ကောက်မြို့ ချောင်းခွကျေးရွာ ဆရာတော် ဦးသုန္ဒရက သြဝါဒစကားများပြောကြားသည်။

 

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက ကရင်ရိုးရာလက်ချည်ပွဲတွင် အဓိကပါဝင်သော ပစ္စည်(၉)မျိုးအကြောင်းနှင့် ကွဲကွာနေသော ဆွေမျိုးများပြန်လည်ဆုံတွေ့စေရန်နှင့် ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်ခိုင်မြဲစေရန် စသည့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမူကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စောကြည်စိုး၊ ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမူကော်မတီဥက္ကဋ္ဌ စောသောင်းကြီးနှင့် မင်းလှ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်တို့က ကရင်တိုင်းရင်းသားတို့ စည်းလုံးညီညွှတ် စွာဆောင်ရွက်နေထိုင်ပြီး ဘာသာစကား၊ ရိုးရာဓလေ့တို့ ထိန်းသိမ်းစောက်ရှောက့်ရေးတို့ကို ပြောကြားပြီး မင်းလှမြို့နယ် ကိုယ်စားပြုနော်စုစုထွေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

 

ထို့နောက်ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ဝန်ကြီးနှင့်  ကရင်တိုင်းရင်းသား အကြီးအကဲများက တတ်ရောက်လာသော ခရိုင်အတွင်းရှိ ကရင်တိုင်းရင်သား ၁၂၀၀ တို့ ကို  ဆုတောင်းမင်္ဂလာစကားများပြောကြား၍ ချစ်ခင်ရင်းနှီးစွာ ညာလက်တွင် ချည်သုံးပတ် ချည်နှောင်ပေးကာ ရိုးရာထမင်းဟင်းများဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ 

 

ပေါက်စ (မင်းလှ)