မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူးမျိုးမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Ashartoli ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Abul Hossain ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီ မိနစ် ၂၀ မှ ၁၁ နာရီ ၅၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၅)မှ (၄၆)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
 
(ရဲပြန်ကြား)