မြန်မာ့ရိုးရာအစားစာပြပွဲ (Myanmar Traditional Food Show - 2018)ကို ပုဂံမြို့ လောကနန္ဒာဘုရားအနီး ကျင်းပ

ပုဂံ ၁၉ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ လောကနန္ဒာဘုရားပွဲတွင် မြန်မာ့ရိုးရာအစားစာပြပွဲ (Myanmar Traditional Food Show - 2018)ကို လောကနန္ဒာဘုရားအနီး၌ ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

 

 

မြန်မာ့ရိုးရာအစားအစာပြပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်နှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တင်မာမြင့်တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များမှ မြန်မာ့ရိုးရာအစားအသောက်ပြပွဲ ဆိုင်းခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ကိုထိန်(ငါ့သရောက်) ပြန်/ဆက်