မန္တလေး ရွှေနန်းတော် ပန်းချီပြခန်းတွင် 'Rhythm of Dream Art Exhibition' အမည်ရ ပန်းချီပြပွဲ ကျင်းပမည်

မန္တလေး ၂၇  ဒီဇင်ဘာ

 

၂၀၁၉ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မန္တလေးမြို့ရှိ ရွှေနန်းတော် ပန်းချီပြခန်းနှင့် ရန်ကုန်မြို့မှ Artissmite Art Club တို့ ပူးပေါင်းပြီး 'Rhythm of Dream Art Ehxibition' ပန်းချီပြပွဲ၊ ဖွင့်ပွဲကို ၂၀၁၉ခု၊ ဇန်နဝါရီလ၊ (၅)ရက်နေ့တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၁လမ်းနှင့် ၂၇x၂၈လမ်း ကြားရှိ ရွှေနန်းတော် ပန်းချီပြခန်း- စတူဒီယို (ရွှေနန်းတော် Shwe Nan Daw) Art Gallery & Studio တွင် ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ/ဆရာမ (၅၁)ဦး၏ လက်ရာမွန် ပန်းချီကားပေါင်း (၁၀၀) ကျော် ပြသထားမည်ဖြစ်သည်။ ပန်းချီအမျိုးအစားများမှာ Medium၊ ရေဆေး၊ ဆီဆေး၊ အခရိုက်လစ်၊ ခဲ၊ ပန်းချီကား ပါဝင်မည် ဖြစ်သည်။

 

အဆိုပါ ပန်းချီပြပွဲကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက်နေ့အထိ ၅ ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြသထားမည်ဟုလည်း သိရှိရသည်။ ယခုပန်းချီပြပွဲကြီးသည် ကြုံတောင့်ကြုံခဲ ထူးခြားမည့် ပွဲတစ်ပွဲဖြစ်သည့်အတွက် မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း ပန်းချီ အင်ဂါဥူး၏ ပြောပြချက်အရ သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)