မန္တလေးအမျိုးသားကဇာတ်ရုံတွင် ငွေလကြယ်စင် အငြိမ့်ဂန္ထဝင် ကပြမှုအတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မန္တလေး ၁၃  ဇန်နဝါရီ

 

မြန်မာ့ရှေးမူစင်စစ် အငြိမ့်သဘင်အနုပညာကို ပြန်လည်ဖော်ထုတ် ညွှန်းဆိုပေးလိုသော ရည်ရွယ်ချက်ဖြင့် "ငွေလကြယ်စင် အငြိမ့်ဂန္ထဝင်ပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ၊ ၁၃ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့၊ ၆၉ လမ်း၊ ၃၂ လမ်းရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

 

အခမ်းနားမှူးအဖြစ် စာရေးဆရာ သင့်နော်က ဆောင်ရွက်သည်။ ထို့နောက် စာရေးဆရာမ ဂျူး၊ မင်းသမီးပန်တျာဋ္ဌေးဋ္ဌေးမြင့်၊ စာရေးဆရာ ဆူးငှက်နှင့် လူရွှင်တော် ဦးထင်ပေါ်တို့က ငွေလကြယ်စင် အငြိမ့်ဂန္ထဝင်ကပြမှု အစီစဉ်နှင့် အငြိမ့်လောကအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများထဲမှ ဆရာရွှေနောင်ရိုး၊ ဆရာစိုးသန်းဝင်းတို့က အကြံပြု ဆွေးနွေးသည်။ အဆိုပါ ငွေလကြယ်စင် အငြိမ့်ဂန္ထဝင် အငြိမ့်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ မန္တလေး အမျိုးသားဇာတ်ရုံတွင် ကပြမည်ဖြစ်သည်ဟု သိရှိရသည်။ ဝင်ကြေးအခမဲ့ ဖြစ်သည်ဟုလည်း သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)

 

IMG