မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအား ယခုလ၂၅ ရက်နေ့တွင် စတင်ကျင်းပမည်

မန္တလေး  ၉  စက်တင်ဘာ 

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ယခုလ၂၅ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။

 

ယခုလ ၂၅ ရက်တွင် ပြန်လည် စတင်မည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလများဖြစ်သည့် အောက်တိုဘာ ၁ ရက် မှ နိုဝင်ဘာလ ၃၀ ရက်အထိ သုံးစွဲမည့်ဘတ်ဂျက်ကို ဆွေးနွေး အတည်ပြုကြမည်ဖြစ်ကြောင်း သိရသည်။

 

" မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို ဒီလ ၂၅ ရက်မှာ ပြန်စမယ် ။ ဘယ်နှရက်ကျင်းပမယ်တော့ မသိရှိ သေးပါဘူး။ ဆွေးနွေးမယ့်လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ပေါ် မူတည်ပါတယ်။ တင်သွင်းမယ့် မေးခွန်းတွေကိုတော့ လက်ခံနေပါပြီ " က ပြောသည်။

 

လက်ရှိအချိန်တွင် လွှတ်တော် သဘောတရားအရ လွှတ်တော်တွင် ဆွေးနွေးမည့် အကြောင်းအရာများ ကို ၁၅ ရက် ကြိုတင် တင်သွင်းရသည့်အတွက် လတ်တလောအချိန်တွင် မေးခွန်းနှင့် အဆိုတင်ပြမှုများကို လက်ခံနေပြီဖြစ်ကြောင်း သိရသည် ။

 

သူရိန်လင်း