မန္တလေးတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ပမှ မဲပေးမည့်သူ ၁၁ ဦးရှိ

မန္တလေး ၁၀ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် သုံးခုအတွက် မဲပေးလိုကြောင်း လျှောက်ထားသည့် ပြည်ပရောက်မဲဆန္ဒရှင် ၁၁ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးထံက သိရသည်။

 

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များမှာ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် သပိတ်ကျင်းမြို့၊ အမှတ်(၂)မဲဆန္ဒနယ် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတို့ဖြစ်သည်။

 

" အစက မဲပေးလိုကြောင်းလျှောက် ထားတဲ့ မဲဆန္ဒရှင်ဦးရေ ၂၀ ရှိတယ်။ အဲ့ဒီထဲမှာက  သတ်မှတ်စည်းကမ်းနဲ့ မကိုက်ညီတဲ့အတွက် ပယ်လိုက်တာ ၉ ယောက်ရှိတယ်။ ဒါကြောင့် ပြည်ပမဲပေးမယ့်သူက ကြားဖြတ်မှာ ၁၁ ဦး ပဲရှိတာ  " ဟု ၎င်းကပြောသည်။

 

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်နိုင်မည့် ကာလကို ယခုလ ၃ ရက် နံနက် ၆ နာရီမှ  နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီထိ စုစုပေါင်း ရက်ပေါင်း ၆၀ မဲဆွယ်နိုင်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ကြေညာထားသည်။

 

တစ်နိုင်ငံလုံးအတွင်း လစ်လပ်မဲ ဆန္ဒနယ်ပေါင်း ၁၂ ခုနှင့် ရှမ်းတိုင်း ရင်သားရေးရာ ဝန်ကြီးနေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မေ ၈ ရက်က ကြေညာခဲ့သည်။

 

သူရိန်လင်း