မတ္တရာမြို့နယ် ညောင်ကုန်း(တောင်) ကျေးရွာတွင် စုပေါင်းသစ်ပင်စိုက်ပျိုး

မတ္တရာ ၈ ဇန်နဝါရီ 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်ကုန်းအုပ်စု၊ ညောင်ကုန်း(တောင်)ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၉ နာရီက စုပေါင်းသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

 

2301

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ယူကလစ်ပင် (၁၀၀) ၊ ပိတောက်ပင် (၅၀) ၊ မယ်ဇလီပင် (၅၀) ၊ နံသာနီပင် (၃၀) ၊ စိန်ပန်းပင် (၂၀) ၊ သပြေပင် (၁၀) ၊ တောအုပ်ပင် (၁၀) ၊ သင်းဝင်ပင် (၁၀) ၊ ပျဉ်းကတိုးပင် (၁၀) ၊ ပင်လယ်ကဗွီးပင် (၁၀) တို့အား မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဉီးစီးအရာရှိ ဦးသန်းကျော်နှင့် ဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ၊ ညောင်ကုန်းတောင်ရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

9101

 

မတ္တရာမြို့နယ် တောင်ညောင်ကုန်းကျေးရွာသည် မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်လများတွင် ဧရာဝတီမြစ်ရေမှာ ကျေးရွာအတွင်း ရေဝင်ရောက်သောကြောင့် သစ်ပင်များစိုက်ပျိုးနိုင်ခြင်းမရှိဘဲ ဧရာဝတီမြစ်ရေကျချိန် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်သာ သစ်ပင်များစိုက်ပျိုးရာတွင် ရှင်သန်ဖြစ်ထွန်းခြင်းဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)