နှစ်(၁၅၀) သက်တမ်း ရတနာပုံမြို့ရွှေမန်းစာအုပ် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းကျင်းပ

မန္တလေး ၅ ဖေဖော်ဝါရီ

 

စာရေးဆရာဒေါက်တာစိုးလင်း(ရတနာပုံ) ရေးသားသော နှစ်(၁၅၀)သက်တမ်း ရတနာပုံမြို့ရွှေမန်းစာအုပ် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားပြီး နှစ်(၁၅၀)သက်တမ်း ရတနာပုံ မြို့ရွှေမန်းစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာ ဦးစိုးဝင်းဗိုလ် (အရာတော်)၊ စာရေးဆရာမ ဒေါ်ခင်လေးငယ်၊ စာရေးဆရာမ ဒေါ်ခင်ခင်ဝင်း (ပညာရေး)နှင့် တက်ရောက်လာသူများမှ ဆွေးနွေးကြကာ စာရေးဆရာဒေါက်တာစိုးလင်း (ရတနာပုံ)က စာအုပ်ရေးသားခဲ့မှုနှင့် ပတ်သက်၍ လည်းကောင်း၊ တက်ရောက်သူများ မေးမြန်းကြသည့် မေးခွန်းများကိုလည်းကောင်း ပြန်လည်ဖြေကြား ဆွေးနွေးသည်။

 

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စာရေးဆရာ၊ဆရာမများ၊ စာပေချစ်မြတ်နိုးသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

တင်ဇာလှိုင်