နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်း ဒေသကြီး ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော်   မေ    ၂၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊  ခရီးစဉ်တွင်  လိုက်ပါလာသည့်အဖွဲ့ဝင်များ၊  မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး  ချောက်မြို့ရှိ   ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   မြို့နယ် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားသည်။

 

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသလိုအပ်ချက်များအား အသီးသီးတင်ပြ

ဦးစွာ  ချောက်ခရိုင်  ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက    ဒေသဆိုင်ရာ   အချက်အလက်များ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ မှုအခြေအနေများ၊ နွေရာသီကာလတွင် အပူရှောင်နိုင်ရေးအတွက်   အပူရှောင်စခန်းများ  ဆောင်ရွက်ထားရှိမှုနှင့်  ထပ်မံတည်ဆောက်နိုင်ရေး   လျာထားဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ မြို့မိမြို့ဖများက    ကျန်းမာရေးဆိုင်ရာ  လိုအပ်ချက်များအား ဖြည့်ဆည်းပေးစေလိုမှု၊  အပူဒဏ်ကို ပြင်းထန်စွာခံစားရသည့်ဒေသဖြစ်သဖြင့် သစ်ပင်သစ်တောစိုက်ပျိုးခြင်းများကို  အောင်မြင်စွာ  ဆောင်ရွက်ပေးစေ လိုမှု၊ သောက်သုံးရေ အခက်အခဲရှိမှု၊ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လာသည့်အတွက် ကုန်တင်ကား ကြီးရပ်နားဝင်းကို အမြန်ဆုံးဖော်ဆောင်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ရေနံလုပ်ငန်းဧရိယာအတွင်း  ကျူးကျော်နေထိုင်သူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှုနှင့် အခြား လိုအပ်သည်များကို အသီးသီးတင်ပြ ဆွေးနွေးကြသည်။ 

 

တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဖြည့်စွက်ဆွေးနွေး

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေ ဖြင့် ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများ တစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ်  ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့်  ပတ်ဝန်းကျင်များ တွင်လည်း သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ ဧရာဝတီမြစ်ရေတင်စီမံကိန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးများက နိုင်ငံတစ်ဝန်းသစ်ပင်သစ်တောများ စိုက်ပျိုးရန် လျာထားလျက်ရှိမှုနှင့်    ကျေးရွာ တစ်ရွာလျှင် သစ်တောစိုက်ခင်းအနည်းဆုံး ၂ ဧက စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အပူပိုင်းဇုန် ဒေသများတွင် သစ်ပင်စိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီသည့် သစ်ပင်မျိုးများကို စိုက်ပျိုးရန်နှင့် ပျိုးပင်များအားဒေသ၏ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပျိုးထောင်၍ စိုက်ပျိုးမည်ဆိုပါက အောင်မြင်ဖြစ်ထွန်း နိုင်မည်ဖြစ် သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများက နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပေးသွားမည်ဖြစ်မှု၊           အပူပိုင်းဇုန်ဒေသများအား သဲကန္တာရဒေသအဖြစ်သို့ မရောက်ရှိစေရေးအပူပိုင်းဇုန်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု၊ ချောက်ခရိုင်သည် ဆီထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ထုတ်လုပ်နိုင်ပြီး MSME လုပ်ငန်း များ တိုးတက်အောင်ဆောင်ရွက်၍ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထား ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားသည်။

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်တိုးမြှင့်ရေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့်         ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး    ဆောင်ရွက်ရမည်ဖြစ်ပြီး စီးပွားရေးအရအောင်မြင်ရန်အတွက် အခြေခံလိုအပ်ချက်မှာ ပညာရည် မြင့်မားရေးပင်ဖြစ်ကြောင်း၊ ချောက်ဒေသအတွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသထုတ်ကုန် ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင် ရန်အဓိကလိုအပ်ကြောင်း၊   မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ      စိုက်ပျိုးမွေးမြူရေးပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊   မြေကိုကောင်းမွန်စွာပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာရရှိရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုအပ် မည်ဖြစ်ကြောင်း၊  ချောက်ဒေသအတွင်း၌ ယာစိုက်ပျိုးမှုပိုမိုများပြားသည်ကို   တွေ့ရှိရသဖြင့် မြေပြုပြင်မှုများကို  မှန်မှန်ကန်ကန်ဆောင်ရွက်နိုင် ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ် သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ်လုပ် လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိကြောင်း၊ အလားတူ မြေဆွေး၊  မြေဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင် မည်ဖြစ်သဖြင့်   အကျိုးရှိရှိဆောင်ရွက်ကြစေလိုကြောင်း။

 

မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဒေသအတွင်း စားရေးကိုတိုက်ရိုက် အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းစားသုံးမှုမှ ပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို      ဘုရားဖူးဧည့်သည် အများအပြားလာရောက်သည့် ပုဂံဒေသအပါအဝင် အခြားဒေသများသို့လည်း     တင်ပို့ရောင်းချ နိုင်မည်ဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဘဝသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ  ဆောင်ရွက်ရာ တွင် တိုးတက်လိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဒေသမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ပညာရေးကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်

ဒေသတစ်ခုဖြစ်စေရေး

ချောက်နယ်မြေသည် ရေနံထုတ်လုပ်မှုမှ စက်မှုအခြေခံကောင်းခဲ့သည့်  ဒေသတစ်ခုဖြစ်ခဲ့ပြီး အစဉ်အလာကောင်း ရှိသည့် ဒေသဖြစ်သဖြင့် လက်ရှိအချိန်တွင်လည်း MSME စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်     ဆောင်ရွက်ကြစေလိုကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက်   အသိပညာအတတ် ပညာများ  ပေါကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်   ဒေသအတွင်း ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုပြီး ချောက်ခရိုင်သည် ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊   မိမိတို့နိုင်ငံလူဦးရေ၏အများစုမှာ   မူလတန်းပညာကိုသာ တတ်မြောက် ကြသူများဖြစ်သဖြင့်  ပညာတတ်များ ပေါကြွယ်ဝလာအောင် ဆောင်ရွက်ပေးမှသာလျှင် ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ချောက်ဒေသတွင် ရှိပြီးသားဖြစ်သည့် ပညာရေးနှင့် ပတ်သက်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြစေလို ကြောင်း။

 

ပညာရေးကို ကောင်းစွာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊     ကျန်းမာစွာ    နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝသည့်       အစားအသောက်များနှင့် နေထိုင်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ အသိပညာများရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများကို   သိရှိနိုင်မည်ဖြစ်ကြောင်း၊   နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးအတွက်  ပြည်သူလူထုအနေဖြင့်  စနစ်တကျနေထိုင် လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ     ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။

 

အပူပိုင်းဇုန်ဒေသများ၌ အပူရှောင်အဆောက်အဦများဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

ရာသီဥတုနှင့်ပတ်သက်၍ ချောက်မြို့နယ်သည် ရာသီဥတုပူပြင်းသည့် ဒေသဖြစ်ကြောင်း၊ ရာသီဥတုပြင်းထန်သည့် ကာလများ၌ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအတွက် အပူရှောင်ခိုနားနိုင်မည့်   အဆောက်အဦကြီးများ တည်ဆောက်နိုင်ရန်လိုကြောင်း၊ ဥပမာအားဖြင့် အတွင်းလိုဏ်ပါသည့် ဘုရားစေတီများနှင့် ဂန္ဓကုဋိ တိုက်များကို    တည်ထားဆောင်ရွက်မည်ဆိုပါက  ဘုရားရိပ်တရားရိပ်အောက်တွင် အပူဒဏ်ကို ရှောင်နိုင် မည်ဖြစ်ပြီး ကုသိုလ်လည်းရရှိနိုင်မည်ဖြစ်သကဲ့သို့ ဒေသ၏အထိမ်းအမှတ် ဘာသာရေးအဆောက်အဦများလည်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်း၊ ထို့ကြောင့် အပူပိုင်းဇုန်ဒေသများ၌  လူဦးရေအများ အပြား ဝင်ဆံ့ခိုနားနိုင်မည့်အတွင်း လိုဏ်ပါရွှေတိဂုံစေတီတော်ပုံတူ စေတီ၊ စွယ်တော်စေတီတော်ပုံတူစေတီတို့ကို တာဝန် ရှိသူများ၊ အလှူရှင်များစုပေါင်း၍ တည်ထားကိုးကွယ်နိုင်ရေး စဉ်းစားနိုင်ကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြ သည့်  ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်