ဖြူးမြို့၏ အနောက်တောင်ဘက် (၂၆)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားအနည်းငယ် ငလျင်လှုပ်

နေပြည်တော် ၂၆ ဇန်နဝါရီ

ယနေ့ ည ၆ နာရီ ၂၄ မိနစ်၊ (၂၄)စက္ကန့်တွင် ဖြူးမြို့၏ အနောက်တောင်ဘက် (၂၆)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၈.၂၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၉) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

MDN