‌ဖြူးမြို့၏ အနောက်တောင်ဘက် (၄၀)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၂၈  ဇန်နဝါရီ


ယနေ့ နံနက် မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၂၂ မိနစ်၊ ၃၇ စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင် ‌(‌ဖြူးမြို့၏ အနောက်တောင်ဘက် (၄၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈ ဒသမ ၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၈) ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


MDN