ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၅၇၁ ဦး ထပ်မံတွေ့ရှိ

အစ္စလာမ္မာဘတ် မတ် ၁

ပါကစ္စတန်နိုင်ငံတွင် မတ် ၁၁ ရက်က ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၅၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦး တိုးလာသည်ဟု အမျိုးသားကွပ်ကဲရေးနှင့် စီမံရေးစင်တာက သတင်းထုတ်ပြန်သည်။

တစ်နိုင်ငံ လုံးအနှံ့ကူးစက်ခံရသူစုစုပေါင်းမှာ ၁၅၁၈၀၈၃ ဦးအထိ ရှိလာပြီး ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၁၄၆၉၉၃၀ ရှိလာ သည်ဟု အဆိုပါစင်တာမှ သတင်းထုတ်ပြန်သည်။ လက်ရှိ ရောဂါခံစားနေရသူ ၁၇၈၄၉ ဦးရှိပြီး စိုးရိမ်ရသည့် အခြေအနေရှိသူ ၆၄၁ ဦးရှိသည်။

သေဆုံးသူဦးရေမှာလည်း ခြောက်ဦးတိုးလာသည့်အတွက် စုစုပေါင်း ၃၀၃၀၄ ဦးအထိ ရှိလာခဲ့သည်။ ပါကစ္စတန်တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ကူးစက်မှုအများဆုံးဖြစ်ပြီး ၅၇၁၅၄၈ ဦး ကူးစက်ခံခဲ့ရသည်။ ယင်းနောက်တွင် ပန်ဂျပ်ပြည်နယ်မှာ ဒုတိယကူးစက်မှု အများဆုံးဟုသိရသည်။

ဆင်ဟွာ