ပန်းချီဆရာ လွင်လွင်ကျော်၏ (၅)ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ မန္တလေးတွင် ကျင်းပမည်

မန္တလေး ၅  ဇန်နဝါရီ

 

ပန်းချီဆရာ လွင်လွင်ကျော်၏ (၅)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ 5th SOLO SHOW ပန်းချီပြပွဲ ဖွင့်ပွဲကို ဇန်နဝါရီ (၁၉) ရက် နံနက်(၉)နာရီ မန္တလေးအောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင် ပန်းချီပြခန်း (Mandalay Hill Art Gallery Near Two Guardian Lions) တွင် ကျင်းပမည် ဖြစ်သည်။

 

အဆိုပါ ပန်းချီပြပွဲတွင် လူငယ်ပန်းချီဆရာ လွင်လွင်ကျော်၏ ရေဆေးသီးသန့် ပန်းချီကားပေါင်း (၇၂)ကား ပြသထားမည်ဟု သိရှိရသည်။ ပန်းချီကားအများစုမှာ မန္တလေးမြို့ရှိ အထင်ကရနေရာများ ရှေးဟောင်း အဆောက်အဦများကို မှတ်တမ်းတင် ရေးဆွဲထားသည်ဟု ပန်းချီဆရာ လွင်လွင်ကျော်က ပြောပြသည်။

 

ပန်းချီဆရာ လွင်လွင်ကျော်သည် (၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈) တို့တွင် တစ်ကိုယ်တော် ပန်းချီပြပွဲများ ကျင်းပခဲ့ပြီး ယခု(၂၀၁၉)တွင် ပဉ္စမအကြိမ် (၅)ကြိမ်မြောက် ပြပွဲကျင်းပသည်ဟု သိရှိရသည်။ အဆိုပါ ပန်းချီပြပွဲကို မန္တလေးတောင် ပန်းချီပြခန်းတွင် ဇန်နဝါရီ၊ (၁၉)ရက်မှ (၂၁)ရက် နေ့အထိ (၃)ရက်တိုင် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီ အထိ ပြသထားမည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)