ပြည်သူ၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သက်ငယ်မုဒိမ်းမှုတွေ ကျဆင်းသွားမယ်လို့ ယုံကြည်

၈ ဇူလိုင်

 

သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်သည့် သိကောင်းစရာများ စကားဝိုင်း

 

သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်သည့် သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာန၊ ညွှန်ကြားရေးမှူး (မှုခင်း)ရဲမှူးကြီး မင်းဟန်၊ ဥပဒေနှင့် သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒုရဲမှူးကြီး ကျော်လင်းနှင့် မှုခင်းမှတ်တမ်းအုပ်ချုပ်ဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူး ရဲမှူး ကျော်ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

စီအစဉ်မှူး။ ။ မြန်မာနိုင်ငံ သက်ငယ်မုဒိမ်းဖြစ်ပွားမှု၂၀၁၇ခုနှစ်ထုတ်ပြန်ချက်စာရင်း ၂၀၁၇ ခုနှစ်ထုတ်ပြန်ချက် စာရင်း ဇယားအရ၁၀နာရီပြည့်တိုင်းမှာကလေးတစ်ယောက်ဇယားအရ ၁၀ နာရီပြည့်တိုင်းမှာ ကလေးတစ်ယောက်နှုန်းသက်ငယ်မုဒိမ်းမှုကျူးလွန်ခံနေရပါတယ်။အဲဒီကိစ္စနှုန်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံနေရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးပြည်သူလူထုဆောင်ရန်၊ရှောင်ရန်တွေနဲ့ပတ်သက်ပြီး ပြည်သူလူထု ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ပတ်သက်လို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပထမ ဆုံးအနေနဲ့မြန်မာနိုင်ငံသက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုဒီနေ့ဆုံးအနေနဲ့ မြန်မာနိုင်ငံ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ဒီနေ့အချိန်ထိဘယ်လောက်ထိဖြစ်ပွားသွားပြီလဲဆိုတာအချိန်ထိ ဘယ်လောက်ထိ ဖြစ်ပွားသွားပြီလဲဆိုတာ သိပါရစေ။

 

ရဲမှူးကြီး မင်းဟန်။ ။ ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှုပေါင်း ၈၉၇ မှု၊ ၂၀၁၈ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှုပေါင်း ၁၀၂၈ မှုနဲ့ ၂၀၁၉ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှုပေါင်း ၁၉၀ မှု ဖြစ်ပွားခဲ့ပါတယ်။ ပြုစုထားတဲ့စာရင်းအရ သိရှိရတာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှုမှာအသက်အရွယ်အပိုင်းအခြားကိုဘယ်လိုမျိုး အပိုင်းအခြားကို ဘယ်လိုမျိုး ကန့်သတ်ထားပါသလဲ။ကန့်သတ်ထားပါသလဲ။

 

ရဲမှူးကြီး မင်းဟန်။ ။ သက်ငယ်မုဒိမ်းမှုဆိုတာ နှစ်နှစ်မှ ငါးနှစ်အထိ ဖြစ်ပွားနှုန်းက ၂၀၁၇ ခုနှစ်မှာ ၂၇ မှု၊ ၂၀၁၈ ခုနှစ်မှာ ၃၁ မှုနဲ့ ၂၀၁၉ ခုနှစ်မှာ ငါးမှုဖြစ်ပါတယ်။ အသက် ခြောက်နှစ်မှ ၁၀ နှစ်အထိက ၂၀၁၇ ခုနှစ်မှာ ၉၄ မှု၊ ၂၀၁၈ ခုနှစ်မှာ ၁၂၇ မှုနဲ့ ၂၀၁၉ ခုနှစ်မှာ ၁၅ မှု ဖြစ်ပါတယ်။ အသက် ၁၁ နှစ်မှ ၁၃ နှစ အထိ ၂၀၁၇ ခုနှစ်မှာ ၂၆၃ မှု၊ ၂၀၁၈ ခုနှစ်မှာ ၂၈၂ မှုနှင့် ၂၀၁၉ ခုနှစ်မှာ ၅၄ မှုဖြစ်ပါတယ်။ အသက် ၁၄ နှစ်မှ၁၆ နှစ်အထိ ၂၀၁၇ ခုနှစ်မှာ ၅၁၄ မှု၊ ၂၀၁၈ ခုနှစ်မှာ ၅၉၁ မှုနဲ့ ၂၀၁၉ ခုနှစ်မှာ ဇွန်လအထိ ၁၁၈ မှုဖြစ်ပွားခဲ့ပါ တယ်။

 

အစီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှုဟာ ဘယ်လိုဒေသ မျိုးတွေမှာဖြစ်ပွားမှုအများဆုံးလဲ မျိုးတွေမှာ ဖြစ်ပွားမှုအများဆုံးလဲဆိုတာပြောပြပေးပါဦး။ဆိုတာ ပြောပြပေးပါဦး။

 

ရဲမှူးကြီး မင်းဟန်။ ။ အများဆုံးဖြစ်ပွားခဲ့တဲ့ တိုင်း ဒေသကြီးကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယအများဆုံးက ဧရာဝတီနဲ့ တတိယ အများဆုံးက မ္တလေးတိုင်းဒေသကြီးဖြစ်ပါတယ်။


အစီအစဉ်မှူး။ ။ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊မှုခင်းရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းရဲတပ်ဖွဲ့အနေနဲ့သက်ငယ်မုဒိမ်းကိုဘယ်လိုမျိုးဖွင့်ဆိုထားပါသလဲ။အနေနဲ့ သက်ငယ်မုဒိမ်းကို ဘယ်လိုမျိုးဖွင့်ဆိုထားပါသလဲ။

 

ဒုရဲမှူးကြီး ကျော်လင်း။ ။ သက်ငယ်မုဒိမ်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတ်မှတ်ထား တာမဟုတ်ပါဘူး။ ဥပဒေအရ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့သဘောပါ။ ပထမဆုံးကလေးသူငယ်နဲ့ ပတ်သက်လပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆဲ ၁၉၉၃ ခုနှစ်ကလေးသူငယ် ဥပဒေအရ ကလေးသူငယ်ဆိုတာ အသက် ၁၆ နှစ်အောက်ဆိုပြီး သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ ရာဇသတ်ကြီးကိုပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆ နဲ့ ပြင်ဆင်ခဲ့ပါ တယ်။ အဲဒီပြင်ဆင်တဲ့ဥပဒေမှာ မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်တဲ့ ပုဒ်မ ၃၇၅ ပဉမအပိုဒ်မှာ ယခင်က အသက် ၁၄ နှစ်အောက် မိန်းကလေးတစ်ယောက်နဲ့ကာမစပ်ယှက်လျှင် မိန်းကလေး သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်ဆိုတဲ့အချက်ကို အသက် ၁၆ နှစ်နဲ့ ပြင်ဆင်ပါတယ်။ အဲဒီအတွက် မိန်းကလေး ၁၆ နှစ် အောက်ဆိုလျှင် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်ပါ တယ်။ ပြဋ္ဌာန်းချက်နှစ်ခုအရ အသက် ၁၆ နှစ်မပြည့်သေးတဲ့ မိန်းကလေးကို ကျူးလွန်မယ်ဆိုလျှင် ကလေးသူငယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုလို့ပြောရမှာ ဖြစ်ပါတယ်။

 

စီအစဉ်မှူး။ ။ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမဖြစ်ပေါ်အောင် အကြမ်းဖက်မှု မဖြစ်ပေါ်အောင်ဘယ်လိုကာကွယ်နိုင်မလဲဆိုတာလည်းရှင်းပြပေးစေလိုပါဘယ်လိုကာကွယ်နိုင်မလဲဆိုတာလည်း ရှင်းပြပေးစေလိုပါ တယ်။

 

ဒုရဲမှူးကြီးကျော်လင်း။ ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဆိုတာ အလွန်ကျယ်ဝန်းပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ တည်ဆဲဥပဒေများအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ပါ မုဒိမ်းမှုနဲ့ ပုဒ်မ ၃၇၇ ပါ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ပြစ်မှုတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကလေးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့သီးခြားဥပဒေပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ ဒါပေမယ့် အခုဒီလိုမျိုးဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့အဓမ္မကျင့်မှု(မုဒိမ်းမှု)ကိုပဲ အဓိကထားပြီး ပြောလိုပါတယ်။ မုဒိမ်းမှုဆိုတာမမြင်ကွယ်ရာ ( ဆိတ်ကွယ်ရာ)မှာ ကျူးလွန်တဲ့အမှုဖြစ်ပါတယ်။ မုဒိမ်းမှုမှာ ကျူးလွန်နိုင်တဲ့သူဟာ အရွယ်ရောက်ပြီး (ဖွံ့ဖြိုးပြီး) ယောကျာ်းသား က ကျူးလွန်နိုင်ပြီး မိန်းကလေးကတော့ မည်သည့်အသက်အရွယ်မဆို ကျူးလွန်ခံရနိုင်တဲ့ အခြေအနေရှိပါ တယ်။ ဒါကြောင့် ကလေးသူငယ်များ မုဒိမ်းမှုကျူးလွန်ခြင်း မခံရအောင် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ၊ မိမိကိုယ်ကို ကာကွယ်ခုခံနိုင်စွမ်းမရှိသေးတဲ့ ကလေး သူငယ်တွေ၊ ကိုယ်စိတ်နှစ်ပါး တစ်ခုခုချို့ယွင်းနေသူတွေကိုသွေးသားတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ မမြင်ကွယ်ရာ မှာ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးနဲ့ယုံယုံကြည်ကြည်နဲ့ အတူမထားဖို့နဲ့ အခွင့်အရေးရလို့ကျူးလွန်တာဖြစ်တဲ့အတွက် အဲဒီလိုအခွင့်အရေးမရအောင်မိဘအုပ်ထိန်းသူတွေက သတိထားပြီး စောင့်ရှောက်ဖို့လိုပါ တယ်။

 

နောက်တစ်ချက်က မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့မိမိတို့ရဲ့သားသမီးတွေ၊ ကလေးသူငယ်တွေကို သိသင် သိထိုက်တာတွေကို ကလေးနားလည်နိုင်စွမ်းရှိသလောက်သင်ကြားထားဖို့လိုပါတယ်။ တစ်ယောက်ယောက်က ခေါ်ရင် မိဘအုပ်ထိန်းသူမသိဘဲ တခြားသူနဲ့ လိုက်မသွား ဖို့နဲ့ ကြုံတွေ့ရနိုင်တဲ့အ္တရာယ်တွေကို သင်ကြားပြသ ပေးဖို့ လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး ဘယ်လိုတွေ လာလုပ်ရင်၊ ကိုင်တွယ်လာရင် တိုင်တန်း ပြောဆိုရမယ်။ မိမိအင်အားနဲ့ ခုခံနိုင်တဲ့နည်းလမ်းတွေကိုပါ သင်ကြားပြသပေးရမယ်။ ကလေးသူငယ်အနေနဲ့တတ်နိုင်သမျှ မိမိအ္တရာယ်မကျရောက်အောင်ကာကွယ်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘအုပ်ထိန်း သူများဘက်က သတိထားရမယ့်အချက်တွေလည်း ရှိပါ တယ်။ ကလေးသူငယ်တွေကို အကာအကွယ်မဲ့ထားခဲ့တာမျိုး၊ တစ်ယောက်တည်းလွှတ်လိုက်တာမျိုးတွေမလုပ်မိဖို့လိုပါတယ်။ ကလေးသူငယ်ကိုလည်း အရွယ်နဲ့မလိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေမဖြစ်အောင်ဂရုပြုရပါမယ်။

 

အစီအစဉ်မှူး။ ။ ပြစ်မှုမြောက်၊ မမြောက် ဘယ်လိုသတ်မှတ်ပါသလဲ၊ပြစ်ဒဏ်ဘယ် သတ်မှတ်ပါသလဲ၊ ပြစ်ဒဏ်ဘယ်လောက်ချမှတ်လို့ရသလဲဆိုတာလည်းပြောပြပေးပါဦး။လောက် ချမှတ်လို့ရသလဲဆိုတာလည်း ပြောပြပေးပါဦး။

 

ဒုရဲမှူးကြီး ကျော်လင်း။ ။ ပြစ်မှုတစ်ခု ပြစ်မှုမြောက်၊ မမြောက်ဆိုတာ စစ်ဆေး ပေါ်ပေါက်တဲ့ သက်သေခံအချက်များအရ ပြစ်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ ဖော်ပြထားတဲ့ အဂ ̄ရပ်တွေနဲ့တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြစ်မှုမြောက်၊ မမြောက်၊ အပြစ်ရှိ၊ မရှိဆိုတာကိုတော့ တရား ရုံးကသာလျှင် ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မတ် ၂၅ ရက်နေ့မှာ ရာဇသတ်ကြီးကို ပြင်ဆင်ချက်အရ အသက် ၁၂ နှစ်အောက် မိန်းကလေးကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်အနှစ်၂၀ အထိဖြစ်စေ ချမှတ်နိုင်ပါတယ်။

 

စီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အမှုပေါင်း ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အမှုပေါင်း ဘယ်လောက်ရှိပါသလဲ။ဘယ်လောက်ရှိပါသလဲ။

 

ရဲမှူးကျော်ဦး။ ။ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့သက်ငယ် မုဒိမ်းမှုတွေကို တရားရုံးမှာ ပြစ်ဒဏ်ချမှတ်မှုကတော့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်တဲ့ အမှုပေါင်းက ၃၃၃ မှု ရှိပါတယ်။ ၁၀ နှစ်နဲ့ နှစ် ၂၀ ကြားမှာ ပြစ်ဒဏ်ချမှတ်တဲ့ အမှုပေါင်းက ၂၇ မှုရှိပါတယ်။ ၁၀ နှစ်ပြစ်ဒဏ်ချတာကတော့ အမှု ၁၁၀ ရှိပါတယ်။ ၁၀ နှစ်အောက်ကို ပြစ်ဒဏ်ချတာကတော့ ၁၁၄ မှုရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ စုစုပေါင်း ၅၈၅ မှုရှိပါတယ်။ ၂၀၁၉ ခုနှစ်ဇန်နဝါရီကနေ မေလအထိ နှစ်၂၀ အထိ ပြစ်ဒဏ်ချမှုက ၁၁၀ ရှိပါတယ်။ ၁၀နှစ်နဲ့ နှစ် ၂၀ ကြားမှာ ပြစ်ဒဏ်ချတဲ့အမှုက ၇ မှုရှိပါတယ်။ ၁၀ နှစ်ကိုပြစ်ဒဏ်ချတာကတော့၆၈ မှု ရှိပါတယ်။ ၁၀ နှစ်အောက်ကို ပြစ်ဒဏ်ချတာက တော့ ၄၁ မှုရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ စုစုပေါင်း ၂၂၇ မှုရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ သေဒဏ်ဆိုပြီးချတာက တော့ ၅ မှုရှိတယ်လို့ မှတ်တမ်းအရ သိရှိရပါတယ်။ တရားရုံးတွေကလည်း သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူနေတာတွေရှိပါတယ်။

 

အစီအစဉ်မှူး ။ ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်မခံရ အောင်ကာကွယ်ရမယ့်အနေ အောင် ကာကွယ်ရမယ့်အနေ အထားတွေကိုရှင်းပြပေးပါဦး။အထားတွေကို ရှင်းပြပေးပါဦး။

 

ရဲမှူးကြီး မင်းဟန်။ ။ လက်ရှိဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေ ကို သုံးသပ်ပြီးတော့ တင်ပြခြင်း ဖြစ်ပါတယ်။ အဓိကကျူးလွန်ဖို့ တွန်းအားပေးတဲ့အချက်တွေအနေနဲ့က နေအိမ်ပတ်ဝန်းကျင် လုံခြုံမှုမရှိတာတွေ၊ အုပ်ထိန်းသူတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုကင်းကွာနေတာတွေ၊ တစ်ဦးတည်း အဖော်မဲ့နေတာတွေလည်း ရှိပါ တယ်။ ဒါပေမယ့် ကလေးက မိမိနဲ့ရင်းနှီးတဲ့သူတွေအပေါ် မှာ ယုံကြည်မှုလွန်ကဲနေတာတွေလည်း ပါဝင်ပါတယ်။ အရက်သေစာ သောက်စားမှုတွေနဲ့ မူးယစ်စိတ်ကြွဆေး သုံးစွဲခြင်း၊ ညစ်ညမ်းဗီဒီယိုကြည့်ရှုတာတွေ၊ ညစ်ညမ်း စာပေများ ဖတ်ရှုခြင်း၊ လိင်စိတ်ကြွဆေး သုံးစွဲတာတွေဒါတွေဟာ ကျူးလွန်ဖို့ တွန်းအားပေးတဲ့အထဲမှာ ပါပါ တယ်။

 

နောက်တစ်ခုက ပတ်ဝန်းကျင်ရဲ့အကျင့်စရိုက်တွေလွှမ်းမိုးမှုလည်းပါဝင်ပါတယ်။ အိမ်ထောင်စုတွေနဲ့မိသားစုဝင်တွေ အတူတကွနေထိုင်တဲ့အခါမှာ နေအိမ်အနေအထားအရ အကာအရံမရှိတာ၊ မလုံခြုံတာတွေက တစ်ဦးကိုတစ်ဦး ထိတွေ့ဆက်ဆံမှုများပြီးတော့ဖြစ်တတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့သူတွေက ပြန်မပြောနိုင်ဘူး၊ ပြန်ပြီးတော့မခုခံနိုင်တဲ့အတွက်ကျူးလွန်တာတွေ ရှိပါတယ်။ ဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့ ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် ကလေး သူငယ်တွေကို လုံခြုံစွာနေတတ်ဖို့အတွက် မိဘအုပ်ထိန်း သူတွေက သိသင့်သိထိုက်တာတွေကို သင်ကြားပြသ ပေးထားရမယ်။ တခြားသွေးသားတော်စပ်တဲ့သူကပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်မှုတွေရှိလာရင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုပြန်ပြောရမယ်ဆိုတာကို သူတို့နားလည်နိုင်တဲ့စွမ်းအားနဲ့ ကလေးကိုသင်ကြားပေးထားဖို့ လိုပါတယ်။

 

အဓိကကတော့စာသင်ကျောင်းတွေမှာ ကလေး သူငယ်တွေနဲ့ပတ်သက်ပြီးတော့ အသိပညာပေးတွေ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ကလည်း အသိပညာပေးတာတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပါတယ်။

 

ရဲမှူးကျော်ဦး။ ။ အသက်အရွယ်ရောက်တဲ့ကလေး မျိုးဆိုရင် အမျိုးသားတစ်ယောက်ကို အထိရောက်ဆုံး ခုခံကာကွယ်နိုင်တဲ့ နည်းလမ်းမျိုး တွေကို မိဘတွေက သင်ပြရမှာဖြစ်ပါတယ်။ ကလေး သူငယ်အရွယ်နဲ့ မလိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုမျို ကို ဝတ်ဆင်မပေးဖို့ကလည်း သတိထားရမယ့်အချက်ထဲမှာ ပါဝင်ပါတယ်။ အဲဒီလိုအဝတ်အစားမျိုးက တစ်ဖက်ကအ္တရာယ်ကို ဖိတ်ခေါ်တဲ့သဘောမျိုးကျရောက်တတ်ပါတယ်။ ကျောင်းသွား၊ ကျောင်းပြန်မှာ ကိုယ်နဲ့မသိဘဲလာကြိုတာမျိုး၊ ကိုယ့်ကို မိဘကလာမကြိုသေးဘဲလိုက်မသွားဖို့ မိဘက သင်ပြပေးသင့်ပါတယ်။ မိဘတွေကလည်း မိမိတို့သားသမီးကို ရင်အုပ်မကွာ စောင့်ရှောက်ဖို့ လိုပါတယ်။

 

အစီအစဉ်မှူး။ ။ မုဒိမ်းမှုတွေအပေါ် ရဲတပ်ဖွဲ့ရဲ့အမှုစစ်ဆေးမှုဟာထိရောက်ပြစ်ဒဏ် စစ်ဆေးမှုဟာ ထိရောက် ပြစ်ဒဏ်ချမှတ်နိုင်ဖို့အဓိကမူတည်ပါသလား။

 

ရဲမှူးကြီး မင်းဟန်။ ။ ရဲတပ်ဖွဲ့ဆိုတာ အမှုတည်ဆောက် ရတဲ့အဖွဲ့ပါ။ ရဲတပ်ဖွဲ့က အမှုတည်ဆောက်မှုခိုင်မာမှ တရားရုံးကလည်း ထိထိရောက်ရောက ပစ်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အမှုတည်ဆောက်တဲ့အခါမှာ အမှုစစ်ဆေးခဲ့တဲ့ သက်သေ တွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှာ မှန်မှန်ကန်ကန်ထွက်ဆိုဖို့နဲ့ တရားရုံးရှေ့မှာ မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထွက်ဆိုဖို့လိုပါတယ်။ ရဲတပ်ဖွဲ့ကလည်း သက်ရှိ/သက်မဲ့အထောက်အထားတွေကို ရှာဖွေတင်ပြဖို့လိုပါတယ်။ ဒါမှတရားရုံးက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

 

စီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှုဖြစ်ပွားတဲ့အခါမှာ သေဒဏ်မချမှတ်ဘူးဆိုတဲ့ကိစ္စနဲ့ သေဒဏ်မချမှတ်ဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတရားဥပဒေစိုးမိုးမှုအားနည်းနေတယ်ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေတယ် ဆိုတဲ့အပေါ် ဆရာ့အမြင်လေးသိပါရစေ။

 

ရဲမှူးကြီး မင်းဟန်။ ။ အပြစ်မပေးတာ မဟုတ်ပါဘူး။ သေဒဏ်ကို အတည်ပြု အကောင်အထည် မဖော်သေးတာပါ။ သေဒဏ်ကိုတော့တရားရုံးက ချမှတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေအရ သေဒဏ်ကို အတည်မပြု သေးတာဘဲဖြစ်ပါ တယ်။

 

စီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားပြီဆိုရင်ရဲမှူးကြီးတို့အနေနဲ့လုပ်ဆောင်ရတဲ့ ရဲမှူးကြီးတို့အနေနဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းအဆင့်ဆင့်မှာအခက်အခဲတွေရှိသလားဆိုတာလုပ်ငန်းအဆင့်ဆင့်မှာ အခက်အခဲတွေရှိသလားဆိုတာ ပြောပြပေးစေလိုပါတယ်။ပြောပြပေးစေလိုပါတယ်။

 

ရဲမှူးကြီး မင်းဟန်။ ။ ပထမဆုံးသက်ငယ်မုဒိမ်းမှုဖြစ်လ ရဲစခန်းကို လာတိုင်ပြီဆိုရင်သက်ဆိုင်ရာ ရဲစခန်းကနေပြီး အမှုကိုချက်ချင်းဖွင့်ပေး ရပါတယ်။ သက်ဆိုင်ရာ မှုခင်းစာရေးတွေနဲ့ သက်ဆိုင်ရာ အမှုစစ်ကို တာဝန်ပေးပါတယ်။ ပြုကျင့်ခံရတဲ့ကလေးကိုဆေးစစ်ဖို့အတွက် သက်ဆိုင်ရာ မိခင်ရဲ့ သဘောထား မှတ်ချက်ယူပြီးခါမှ ဆေးရုံမှာ ဆေးစစ်ခံရပါတယ်။ ဆေးစာပြန်ကြားချက်အရ မုဒိမ်းမှု မြောက်၊ မမြောက်ဆိုတာ ရဲတပ်ဖွဲ့ကပြန်ပြီး စစ်ဆေးဖော်ထုတ်ပါတယ်။ ကလေးသူငယ်တွေက ပြန်ပြောပြနိုင်တဲ့ အနေအထား အင်မတန်နည်းပါတယ်။

 

အစီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားပြီဆိုရင်ပြည်သူတွေ၊ကျူးလွန်ခံရတဲ့ကာယကံ ပြည်သူတွေ၊ ကျူးလွန်ခံရတဲ့ ကာယကံရှင်တွေအနေနဲ့ဥပဒေပိုင်းအရအားနည်းတာတွေရှိပါရှင်တွေအနေနဲ့ ဥပဒေပိုင်းအရ အားနည်းတာတွေ ရှိပါ သလား။

 

ရဲမှူးကြီး မင်းဟန်။ ။ တချို့သော ပြည်သူတွေအနေနဲ့ ဥပဒေဗဟုသုတ နည်းတာတွေရှိပါတယ်။ ကျေးရွာလူကြီးနဲ့ ဆွေးနွေးကြတယ်။ အရပ်သဘောအရ ညှိနှိုင်းကြတယ်။ ငွေပေး၊ ငွေယူနဲ့ ညှိနှိုင်း ကြတာရှိတယ်။ နောက်ဆုံးရဲစခန်းကို အမှုဖွင့်တဲ့အချိန်မှာ အမှုကနောက်ကျသွားတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေပါ တယ်။ ဒါမျိုးတွေက အများကြီးရှိပါတယ်။

 

သက်ငယ်မုဒိမ်းမှုဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကြိုတင်ကာကွယ်မှုတွေကို အတတ်နိုင်ဆုံးဆောင်ရွက်နေပါတယ်။ အဓိကတာဝန်က တော့ အုပ်ထိန်းသူမိဘများသည် ကလေးကို တခြား တစ်ယောက်လက်ထဲကို အလွယ်တကူနဲ့ မထည့်လိုက်ဖို့အရေးကြီးပါတယ်။ ကလေးတစ်ယောက်ထဲကိုမထားခဲ့ဖို့၊ လူပြတ်တဲ့အချိန် ဈေးဝယ်မလွှတ်ဖို့နဲ့ တစ်ယောက်တည်း မလွှတ်ဖို့ အရေးကြီးပါတယ်။ ဒါတွေက ပြစ်မှုကျူးလွန်သူတွေအတွက် အခွင့်အရေးတစ်ရပ်ရရှိသွားမှာဖြစ်တဲ့အတွက် ဒါတွေကိုရှောင်မယ်ဆိုရင် သက်ငယ်မုဒိမ်း လျော့နည်းသွားမှာဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေဘက်ကရော ဘယ်လို အမျိုးသားတွေဘက်ကရော ဘယ်လိုရှောင်ရှားသင့်တယ်ဆိုတာလည်း ပြောပြပေးစေလိုပါ ရှောင်ရှားသင့် တယ်ဆိုတာလည်း ပြောပြပေးစေလိုပါတယ်။

 

ဒုရဲမှူးကြီး ကျော်လင်း။ ။ အမျိုးသားများအနေနဲ့ မုဒိမ်းမှု ကျူးလွန်ရင် လူ့အဖွဲ့အစည်းရဲ့အထင်သေးခံရခြင်း၊ ရွံရှာခြင်း၊ ဖယ်ကြဉ်ခြင်းခံရမယ်ဆိုတာကို သတိပြုပါ။ မည်သည့်မိန်းကလေးကိုမဆိုကိုယ်ချင်းစာစိတ်နဲ့ စောင့်စည်းပါ။ လူ့ကျင့်ဝတ်ကိုချိုးဖောက်ခြင်းဖြစ်တဲ့အတွက် လူအများရဲ့ယုံကြည်မှုကင်းမဲ့ခြင်းခံရမယ်ဆိုတာကို သတိပြုပါ။ ဥပဒေပြဋ္ဌာန်းချက်ပါ မုဒိမ်းမှုမြောက်တဲ့ အသက်အပိုင်းအခြား (၁၆ နှစ်အောက်ဖြစ်ပါက မိန်းကလေးကသဘောတူသော်လည်း မုဒိမ်းမှုမြောက်တဲ့အတွက်) ဒီအချက်ကိုလည်း သတိပြုသင့်ပါ တယ်။ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးတွေ၊ လိင်စိတ်ကြွဆေးနဲ့ အရက်သေစာသောက်စားသုံးစွဲခြင်းမှရှောင်ကြဉ်ဖို့ လိုပါတယ်။ ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်း စာပေတွေဖတ်ရှုခြင်းများကိုလည်း ရှောင်ကြဉ်သင့်ပါ တယ်။ အိမ်ထောင်သည်များ မိမိအိမ်ထောင်ဘက်အပေါ် သစ္စာရှိဖို့လိုကြောင်း ပြောကြားလိုပါတယ်။

 

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံအတွင်းမှာ သက်ငယ်မုဒိမ်းမှုပပျောက်အောင်မြန်မာ မုဒိမ်းမှုပပျောက်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဘယ်လိုဆောင်ရွက်နေသလဲဆိုတာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ ပြောပြပေးပါဦး။

 

ဒုရဲမှူးကြီး ကျော်လင်း ။ ။ သက်ငယ် မုဒိမ်းမှုတေ လျော့နည်းပပျောက်ဖို့အတွက် ပြစ်မှုကျူးလွန်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်း အရင်းတွေကို သုံးသပ်ပြီး ဒါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် အရက်သေစာသောက်စားမူးယစ်ခြင်း၊ မူးယစ်စိတ်ကြွဆေးသုံးစွဲခြင်းနဲ့ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းစာပေတွေ ကြည့်ရှုခြင်းများဟာ ပြစ်မှုကျူးလွန်ခြင်းဖြစ်စေတဲ့ အဓိကအကြောင်းရင်း များမှာပါဝင်တဲ့အတွက် ဒါတွေကို တားဆီးနှိမ်နင်းနိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်ကလည်း ဒီလိုကြိုတင်ကာကွယ်ရေးလုပ်သလို၊ တစ်ဖက်မှာလည်း ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဖြစ်ပွားတဲ့ပြစ်မှုတွေမှာလည်း ပြစ်မှုကျူးလွန်သူတွေကိုထိုက်သင့်တဲ့ ပြစ်ဒဏ်ရရှိရေးအတွက် ခိုင်မာစွာ တည်ဆောက်တရားစွဲဆိုနိုင်ဖို့ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ တယ်။

 

အစီအစဉ်မှူး ။ ။ ပြည်သူတွေကို အသိပညာပေးမှုတွေအနေနဲ့ဘာတွေလုပ်ဆောင် တွေအနေနဲ့ ဘာတွေလုပ်ဆောင်နေပါသလဲ။

 

ဒုရဲမှူးကြီးကျော်လင်း။ ။ သက်ငယ် မုဒိမ်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဥပဒေ ပိုင်းဆိုင်ရာ၊ မှုခင်းအသိဗဟုသုတဆိုင်ရာတွေကို ပြည်သူတွေသိရှိနိုင်ဖို့အတွက် အခုမီဒီယာကနေ ပညာပေး ဆောင်ရွက်လျက်ရှိသလို ပြည်သူ့စကားဝိုင်း အစီအစဉ်တွေမှာ ထည့်သွင်းဆွေးနွေးခြင်း၊ မှုခင်း ကျဆင်းရေးပညာပေးခြင်း၊ အိမ်တိုင်ရာရောက်ရဲလုပ်ငန်းစနစ်နဲ့ ပညာပေးခြင်း စသည်ဖြင့် ပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။

 

ဒုရဲမှူးကြီး မင်းဟန်။ ။ မုဒိမ်းမှုတွေအပါအဝင် ရာဇဝတ် ပြစ်မှုတွေ လျော့နည်းပပျောက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက်ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ လုပ်နေလို့မရပါဘူး။ ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ဖို့လိုပါတယ်။ ပြည်သူတွေကိုယ်တိုင် ပူးပေါင်း ပါဝင်မှသာလျှင် ဘယ်အရာမဆို အောင်မြင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူတစ်ဦးချင်းစီကလည်း တာဝန်ယူမှုအပြည့်နဲ့ ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်။

 

လူမှုကွန်ရက်တွေမှာ ညစ်ညမ်းဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့ အလွယ်တကူ ကြည့်ရှုနိုင်တဲ့ကိစ္စကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ သက်ငယ်မုဒိမ်းမှုဖြစ်ပြီဆိုတာနဲ့ ရဲရဲဝံ့ဝံ့နဲ့သက်ဆိုင်ရာ ရဲစခန်းကို ချက်ချင်းတိုင်ကြားဖို့လိုပါတယ်။ ဒါမှသာ ရဲတပ်ဖွဲ့က လျင်လျင်မြန်မြန် တုံ့ပြန်ပြီးတော့ပြစ်မှုကျူးသူတွေကို ဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုဟာ အင်မတန် ရွံရှာဖွယ်ကောင်းတဲ့ရာဇဝတ်မှုတစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ပြည်သူလူထုကိုတင်ပြလိုတာကတော့ သက်ငယ်မုဒိမ်းကျဆင်း ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူတစ်ရပ်လုံး အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တင်ပြလိုပါတယ်။ သက်ငယ်မုဒိမ်းမှုကျဆင်းရေးအတွက် တိုက်တွန်းလိုတာ ကတော့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ပြည်သူတစ်ရပ်လုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပါဝင်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သက်ငယ်မုဒိမ်းကိစ္စတွေ ကျဆင်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ။

 

နန္ဒာဝင်း ၊ မွှေးကြူဇင်