ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Power China Kunming Engineering Corporation (KHIDI) Co,.Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၀ စက်တင်ဘာ 

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Power China Kunming Engineering Corporation (KHIDI) Co,.Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် Power China Kunming Engineering Corporation (KHIDI) Co,.Ltd မှ ရင်းနှီးမြှုပ်နှံထားသည့် ရေအားလျှပ်စစ်စီမံကိန်းများအား ဆောင်ရွက်ပြီးစီးမှုများနှင့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် MOU လက်မှတ်ထိုး၍ ရင်းနှီးမြှုပ်နှံလိုသော ရေအားလျှပ်စစ် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဖြစ်မြောက်နိုင်စွမ်း အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

 

(သတင်းစဉ်)