ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် ဥရောပကုန်သည်ကြီးများအသင်း၏ ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၄ စက်တင်ဘာ
 
 
ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် ဥရောပကုန်သည်ကြီးများအသင်း၏ ဒုတိယညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
 
 
တွေ့ဆုံစဉ် ဥရောပကုန်သည်ကြီးများအသင်း၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဉာဏပစ္စည်းဥစ္စာမူပိုင်ခွင့်၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
 
 
(သတင်းစဉ်)