ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး မစ္စတာ ရိုနယ် ဂီလာ အားလက်ခံတွေ့ဆုံ

နေပြည်တော် ၃၀  အောက်တိုဘာ 
 
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး မစ္စတာ ရိုနယ် ဂီလာ အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ  ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
ထိုသို့တွေ့ဆုံစဉ်အစ္စရေး-မြန်မာ နှစ်နိုင်ငံကြား အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းအချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊  ယဉ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူညီ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
 
(သတင်းစဉ်)