ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ထိုင်းနိုင်ငံသံအမတ်ကြီးH.E. Mr. Jukr Boon-Long အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၁ ဇွန်

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Jukr Boon-Long အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားလွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ ဘဏ်နှင့်အသေးစားနှင့် အလတ်အစားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ထိုင်းနိုင်ငံရှိ မြန်မာအလုပ် သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

 

(သတင်းစဉ်)