ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀ သြဂုတ်

 

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော သစ်တောဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)