ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ကျောက်ဆည်မြို့နယ်ရှိ မဲရုံများအားစစ်ဆေး

ကျောက်ဆည် ၁ နိုဝင်ဘာ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ကြည်ရှိန်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များနှင့်အတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ကြားဖြတ်ရွေးချယ်တင်မြှောက်ရန်အတွက် ဆောင်ရွက်ထားသော ကျောက်ဆည်မြို့နယ်အတွင်းရှိ မဲရုံများအား ယနေ့နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးသည်။

 

 

ထိုသို့ မဲရုံများ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က မဲရုံအင်္ဂါရပ်များနှင့် ပြည့်စုံမှုရှိ/မရှိနှင့်ဆန္ဒမဲပေးရာတွင် မလိုလားအပ်သည့် အကြောင်းအရာများ မဖြစ်ပေါ်စေရေးအတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး/ဒု-မဲရုံမှူးများနှင့်တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့သည်။ ကျောက်ဆည်မြို့နယ်တွင် မဲဆန္ဒရှင် ၁၄၆ ဦးရှိပြီးမဲဆန္ဒနယ်မြေအလိုက်မဲရုံပေါင်း ၂၅ ရုံ ဆောင်ရွက်ထားရှိကာ၊ စဉ့်ကိုင်မြို့နယ်တွင် မဲဆန္ဒရှင် ၄၈ ဦး၊ မြစ်သားမြို့နယ်တွင် ၅၁ ဦး၊ တံတားဦးမြို့နယ်တွင် ၁၄ ဦးရှိကြောင်း သိရှိရသည်။

 

 

သက်မောင် (ခရိုင်ပြန်/ဆက်)