ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲရုံပုံစံနှင့် ခိုင်လုံမဲ၊ ပယ်မဲ နမူနာပုံစံများ ထုတ်ပြန်ကြေညာ

နေပြည်တော် ၃၀ အောက်တိုဘာ

 

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် (၁၃) နယ်၌ နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် အဆင်ပြေစေရန် မဲရုံနမူနာပုံစံနှင့် မိမိပေးလိုက်သည့် ဆန္ဒမဲလက်မှတ်များ ပယ်မဲမဖြစ်စေရေးအတွက် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ၏  ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများကို သိရှိနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ မဲရုံနမူနာပုံစံနှင့် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ၏ ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများကို နောက် တစ်နေ့ထုတ်ဝေမည့် သတင်းစာများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပသည့် နေ့၌လည်း မဲရုံများတွင် ဗီနိုင်းပိုစတာများဖြင့် ကပ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

 

( သတင်းစဉ် )