ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း French Business Confederation ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် MEDEF International ၏ Special Advisor to the Chairman of Michelin for International Affairs, Mr. Francois Corbin နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် French Business Confederation ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် MEDEF International ၏ Special Advisor to the Chairman of Michelin for International Affairs, Mr. Francois Corbin ဉီးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဉီးစီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စ၊ အခြေခံအဆောက်အအုံ၊ အာမခံလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ ဖွံ့ဖြိုးမှု အကူအညီပေးရေးဆိုင်ရာကိစ္စ၊ retail banking, export financing, SME financing နှင့် access to credit တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်