ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Christian Lechervy နှင့် ပြင်သစ်နိုင်ငံအခြေစိုက် MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၅ ဖေဖေါ်ဝါရီ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး Mr. Christian Lechervy နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဓိကစီမံကိန်းများနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးပြီး ပြင်သစ်နိုင်ငံသံအမတ်ကြီးနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ မေးမြန်းချက်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

သတင်းစဉ်