ရွှေခြေကျင်း နဲ့ မန္တလေးမြို့သူ သီချင်းဖြင့် အွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးနေသည့် အဆိုတော် စစ်ပိုင်ထက်၏ တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်မည်

မန္တလေး ၂၄ ဒီဇင်ဘာ

 

ရွှေခြေကျင်းနဲ့ မန္တလေးမြို့သူ သီချင်းဖြင့် အွန်လိုင်းတွင် နာမည်ကြီးနေသည့် အဆိုတော် စစ်ပိုင်ထက်သည် တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ်ထွက်ရန် စီစဉ်နေကြောင်း သိရသည်။ 

 

အသက် ၁၇ နှစ်အရွယ် အဆိုတော် စစ်ပိုင်ထက်သည် သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာတွင် တေးသီချင်း MTV များတင်လေ့ရှိပြီး ရွှေခြေချင်းနဲ့ မန္တလေးသူသီချင်းက လူသိများသည့် သီချင်းတစ်ပုဒ်ဖြစ်လာသည်။ 

 

"သီချင်းတွေ ၆ ပုဒ်လောက်က အကုန်ပြီးနေပြီ။ နောက်ထပ် လေးပုဒ်လောက်ပြီးရင် အယ်လ်ဘမ် ထွက်ပါမယ်''ဟု အဆိုတော် စစ်ပိုင်ထက်ကပြောသည်။ 

 

အဆိုပါ အယ်လ်ဘမ်တွင် သီချင်း ၁၀ ပုဒ်ခန့်ပါဝင်မှာဖြစ်ပြီး တေးရေး သြရသ ၊ ရဲလေး ၊ မိုးမိုး တို့အပြင်း အခြား တေးရေးဆရာများ ပါဝင်ရေးသားပေးထားကြောင်း သိရသည်။

 

မြန်မာသံစဉ်တေးသီချင်း ၊ Pop ၊ R & B စသည့် သီချင်းအမျိုးစားများပါဝင်မည်ဖြစ်ပြီး English သီချင်း နှစ်ပုဒ်ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

 
အိမို့မို့ခိုင်