ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ  ၅  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်စပ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများ သိရှိရေးတို့အတွက်     မင်းလှမြို့နယ် ပြည်သူ့ဝန်ဆောင်မှု    (OSS)ရုံးမှ ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် မင်းလှမြို့နယ် သပြေပင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသိပညာပေး ဟောပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့ နံနက်() နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

963

 

ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေးက ပြည်သူ့ဝန်ဆောင်မှု ရုံးဖွင့်လှစ် ရခြင်းအကြောင်း၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

 

ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းစိုးက လယ်ယာမြေနှင့် ပတ်သက်၍ ပုံစံ()အကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ လ၀ကမှူးဦးဟန်မိုးဦးက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေမှုများအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးရဲထက်ဦး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ယုယုလှိုင်က  ကိုရိုနာဗိုင်းရပ်စ်( အဆုတ်ရောင်ရောဂါ )အကြောင်း ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေးက ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း၊ မင်းလှမြို့နယ် မြို့မရဲစခန်းမှ တပ်ကြပ်ကြီး မောင်မောင်ထွန်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အပြန်လည်ဖြေကြားပေးခဲ့သည်။

 

 

ထို့နောက် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)

 

89632