ရဟတ်ယာဉ်တစ်စင်းကို အင်္ဂါဂြိုဟ်သို့ နာဆာစေလွှတ်မယ်

၁၂  မေ

 

၂၀၂၀ ခုနှစ်မှာ အင်္ဂါဂြိုဟ်ကို ဟယ်လီကော်ပတာလိုမျိုး အလိုအလျောက်မောင်းနှင်တဲ့ ရဟတ်ယာဉ်တစ်စင်း စေလွှတ်မယ်လို့ အမေရိကန် အာကာသ အေဂျင်စီ နာဆာက ပြောပါတယ်။

 

အင်္ဂါဂြိုဟ်ကို လှည့်လည်သွားလာမယ့် ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၀ ခုနှစ် ဇွန်လမှာ စတင်စေလွှတ်ဖို့ ရှိတယ်လို့ မေလ ၁၁ ရက် သောကြာနေ့မှာ နာဆာက ကြေညာခဲ့တာဖြစ်ပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂြိုဟ်နီပေါ်ကို ဆင်းသက်မိတယ်ဆိုရင်ပဲ ကမ္ဘာမြေကြီးရဲ့ အပြင်ဘက်မှာ ပထမဆုံးအကြိမ်အဖြစ် ရဟတ်ယာဉ်တစ်စင်း စမ်းသပ်ပျံသန်းမှုကို စတင်မှာပဲဖြစ်တယ်လို့ သိရပါတယ်။

 

အင်္ဂါဂြိုဟ် ရဟတ်ယာဉ်မှာ softball အရွယ် ကိုယ်ထည်တစ်ခုပါရှိမှာဖြစ်ပြီး ဘက်ထရီအားဖြည့်ဖို့အတွက် ဆိုလာဆဲလ်တွေ ပါရှိမှာ ဖြစ်ပါတယ်။အလေးချိန်ကတော့ ၁ ဒသမ ၈ ကီလိုဂရမ်ခန့်ရှိတယ်လို့ သိရပါတယ်။အဲဒီရဟတ်ယာဉ်မှာ ပါရှိတဲ့ ပန်ကာတွေဟာ ကမ္ဘာမြေပေါ်မှာ ပျံသန်းတဲ့ ရဟတ်ယာဉ်ရဲ့ နှုန်းထက် ဆယ်ဆပိုမြန်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရဟတ်ယာဉ်စေလွှတ်ရတဲ့ ရည်ရွယ်ချက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ယာဉ်သွားလာနိုင်စွမ်းရှိတယ်ဆိုတာကို သရုပ်ပြဖို့ဖြစ်ပြီး အလုပ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် ရဟတ်ယာဉ်ဟာ လှည့်လည်သွားလာနေတဲ့ rover တွေလက်လှမ်းမမီတဲ့ နေရာတွေဆီ ချဉ်းကပ်ဖို့ အကူအညီရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

 

(MDN) 

ကိုးကား-NHK