ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်၌ပြည်သူများ လာရောက်ဆန္ဒမဲပေး

ရန်ကုန်   ၃    နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်၌ လစ်လပ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက် ရဲရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)နှင့် ဆိပ်ကမ်းသာမိသာစုရိပ်သာရပ်ကွက်မဲရုံအမှတ်(၁)တို့တွင် ယနေ့နံ နက် ၆ နာရီကစတင်၍ မဲရုံအသီးသီးတို့တွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးကြ သည်။

 ရဲရိပ်သာရက်ကွက် မဲရုံအမှတ်(၁)တွင် တာဝန်ကျသူများ ဖြစ်သောမြို့နယ်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ၊  ဆရာ ဆရာမများ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များက မဲရုံအတွင်းလိုက်လံစစ်ဆေးပြီး ဖွင့်လှစ်ရန် အချိန်တွင် မဲရုံဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မဲပုံးများကို စစ်ဆေးခြင်းတို့ကို အဖွဲ့လိုက် ပြုလုပ် ကြပြီးနောက် မဲပေးခွငိ့ရှိသူပြည်သူများက  ဆန္ဒမဲပေးကြသည်။

ထိုသို့ မဲပေးမှုအခြေအနေကို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ  ၊ နိုင်ငံခြား သံတမန်များ၊  သတင်းထောက်များနှင့် နိုင်ငံရေးပါတီများက ကြည့်ရှုလေ့လာခဲ့ကြသည်။ 

အဆိုပါရဲရိပ်သာရပ်ကွက်မဲရုံအမှတ်(၁)တွင် မဲပေးခွင့် ရှိသူပေါင်း ၇၃၈ ဦးရှိပြီး အမျိုးသား ၃၅၀ နှင့် အမျိုးသမီး ၃၈၈ ဦးရှိကြောင်း သိရှိရသည်။ 

အလားတူ ဆိပ်ကမ်းသာမိသားစု ရိပ်သာရပ်ကွက် မဲရုံအမှတ်(၁)တွင် လည်း မဲပေးခွင့်ရှိသူ စုစုပေါင်း ၆၈၈ ဦးရှိရာ အမျိုးသား  ၃၆၄ ဦးနှင့် အမျိုးသမီး  ၃၂၄ဦးရှိကြောင်း သိရှိရသည်။ 

 အောင်မြင့်  (ပြန်/ဆက်)