ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အသိပညာပေးရှင်းလင်း

တောင်ဥက္ကလာ  ၁၅ ဇန်နဝါရီ  

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရပ်ကွက်အဆင့် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြင်သာမြို့ဦး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှင်းလင်းပွဲတွင် မြို့နယ်ကော်မရှင်အရာရှိ ဒေါ်ချမ်းမြအေးက လူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ စုစုပေါင်းအင်အား (၇၀ဝ) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


လင်းလင်းထွန်း(ပြန်/ဆက်)

 

mdn