ရပ်ကွက်ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

မင်္ဂလာဒုံ  ၁၅    ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရွေးကောက်ပွဲဆောင်ရွက်နိုင်ရေး ရပ်ကွက်ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။


အဆိုပါ သင်တန်းကို မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦးက သင်ကြားပို့ချခဲ့ပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး/ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများစုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ကြသည်။ 


ဆက်လက်ပြီး ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းကို  ၅ ရက်တိုင်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းကိုကို(ပြန်/ဆက်)