ရတနာပုံတက္ကသိုလ် သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ ကျင်းပ

မန္တလေး၂၂ သြဂုတ် 

 

ရတနာပုံတက္ကသိုလ် သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ(မန္တလေး)၏ နာယက၊ ဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာ ဌာနမှူးများ၊ မော်ကွန်းထိန်းများ၊ သျှမ်းတိုင်းရင်းသား ဆရာ/ဆရာမများ၊ သျှမ်းတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

ထို့နောက် သျှမ်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများ၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
 

တင်မောင်(မန်းကိုယ်ပွား)