သီရိလင်္ကာက ဆင်တွေ ပလတ်စတစ်ပါတဲ့ အမှိုက်တွေ စားသုံးနေ

၂၁ မေ

 

သီရိလင်္ကာနိုင်ငံရှိ တောဆင်ရိုင်း တစ်အုပ်ဟာ တောင်လိုပုံထားတဲ့ အမှိုက်တွေထဲမှာ အစာဟောင်းတွေကို ရှာဖွေစားသောက်နေရပါတယ်။ အဲဒီ အစာဟောင်းတွေနဲ့ ရောနေတဲ့ ပလတ်စတစ် အပိုင်းအစတွေပါ စားသောက်နေတဲ့အတွက် အထွဋ်အမြတ်ထားတဲ့ တိရစ္ဆာန်တွေအတွက် ပြဿနာတွေ ပိုပြီး ဖြစ်လာနိုင်ကြောင်း ပညာရှင်တွေက သတိပေးနေပါတယ်။

 

 

တောရိုင်းတိရစ္ဆာန်တွေ ဘေးမဲ့ထားတဲ့ နေရာအနီးမှာ အမှိုက်တွေ တရားမဝင် လာပစ်ကြပါတယ်။ သီရိလင်္ကာဆင် အကောင်ရေ ခုနစ်ထောင့်ငါးရာ နီးပါးဟာ အမှိုက်တွေကို စားသုံးတာကြောင့် ဆင်တော်တော်များများ နာမကျန်းဖြစ်နေကြောင်း အာရှဆင် ကျွမ်းကျင်ပညာရှင် ဂျာယန်သာ ဂျာရေး ဝါဒီနီ က ပြောပါတယ်။ 

 

 

သီရိလင်္ကာ အရှေ့ပိုင်း ဟာဘာရာနာ ရှိ ဆင်ရိုင်းအကောင် ၂၀ လောက်ဟာ အမှိုက်တွကို အဓိက အားထားပြီး အစာအဖြစ် စားသုံးနေရပါတယ်။ ဒီဆင်တွေဟာ အခုဆိုရင် အိမ်မွေးတိရစ္ဆာန်တွေလို ဖြစ်ပါပြီ။ အမှိုက်ကားတွေ အလာကို စောင့်နေပြီး စားသောက်နေတဲ့ ပုံစံမျိုးအထိ ဖြစ်နေပြီ။ နိုင်ငံ့ရတနာလို့ တင်စားထားတဲ့ ဆင်တွေက  ဆွေးမြေ့နေတဲ့ အမှိုက်တွေကို စားသောက်နေတာကို ကြည့်ရတာ ဝမ်းနည်းစရာပါလို့ ပညာရှင် ဂျာယန်သာ က ပြောပါတယ်။ 

 

ဆင်တွေ ကျင်လည်နေထိုင်ရာ နေရာအနီးရှိ အမှိုက်ပုံ ၅၀ ကျော်ကို လျှပ်စစ်ဓာတ်အား လွတ်ထားတဲ့ စည်းရိုး တပ်ဆင်ဖို့ အစိုးရက အမိန့်ပေးထားပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အခုထိ တပ်ဆင်ခြင်းမရှိသေးသလို အချို့တပ်ပြီး နေရာတွေမှာလည်း ဓာတ်အားသက်ရောက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။  

 

ကိုယ်ခန္ဓာမှာ အစက်အပျောက်လေးတွေပါတဲ့ သမင်တွေ ပလတ်စတစ် စားမိပြီး အဆိပ်ဖြစ်တဲ့အတွက်  မကြာခဏ သေဆုံးနေတာမျိုးအထိ ရှိနေပါတယ်။ 

 

ဒေသတွင်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိကလည်း အမှိုက်တွေ မစွန့်ပစ်ရေး လုပ်ဆောင်မှုက ထိရောက်မှု မရှိဘူးသေးဘူးလို့ AFP ကို ပြောပါတယ်။ 

 

MDN
ကိုးကား-AFP