သူနာပြုကောင်းတစ်ဦးတွင်ထားရှိရမည့် လူသားဆန်သောစိတ်ဓာတ်များဖြစ်သည့် တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှုများနှင့်ပြည့်ဝနေစေရန် မိမိကိုယ်ကို အမြဲမပြတ်ဖြည့်ဆည်းလေ့ကျင့်နေရမည်

နေပြည်တော်   ဒီဇင်ဘာ   ၂၉

တပ်မတော်       သူနာပြုနှင့် ဆေးဘက်ပညာ   တက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ တပ်မတော် သူနာပြုနှင့်     ဆေးဘက်ပညာ တက္ကသိုလ်   စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး       မဟာသရေစည်သူ မင်းအောင်လှိုင်            ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး    သရေစည်သူ စိုးဝင်း   တက်ရောက်  မိန့်ခွန်း ပြောကြားသည်။

အဆိုပါ        အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်  ဇနီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ  တာဝန်ရှိသူ များ၊  ကျောင်းဆင်း သင်တန်းသား  သင်တန်းသူများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့်     တပ်မတော် သူနာပြုနှင့်     ဆေးဘက်ပညာ တက္ကသိုလ်       စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ    နည်းပြ အရာရှိများနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့်  ဧည့်သည် တော်များ တက်ရောက်ကြသည်။

စစ်ဆေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်       ကာကွယ်ရေး ဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက  သင်တန်း ဆင်း တပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီး   အလံတော်အဖွဲ့နှင့် ကျောင်းဆင်း    တပ်ခွဲများအား စစ်ဆေးသည်။   ယင်းနောက် ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်အား  ကျောင်းဆင်းတပ်ခွဲ များက အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြ သည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်      ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော် သူနာပြုနှင့်     ဆေးဘက်ပညာ တက္ကသိုလ် သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၀)မှ အကောင်းဆုံး သင်တန်းသား ဆုရရှိသူ သင်တန်းသား ဆလိုင်း ပြည့်စုံအောင်၊    လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ  သင်တန်းသား ကျော်ဇင်ထက်နှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသား ဝေလင်းအောင် တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး    သရေစည်သူ စိုးဝင်းသည်  အမျိုး သမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇)မှ   အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ ဖွေးသန့်စင်၊ လေ့ကျင့် ရေးထူးချွန်ဆု  ရရှိသူ  သင်တန်းသူ ဆုလဲ့နန္ဒာနှင့် စာပေထူးချွန်ဆု ရရှိသူ  သင်တန်းသူ  ယွန်းယွန်းဝေ တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ 

ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     မဟာသရေ စည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)     ဒုတိယ ဗိုလ်ချုပ်မှူးကြီး     သရေစည်သူ စိုးဝင်းက   မိန့်ခွန်းပြောကြားရာ တွင်   ယနေ့သည်    တပ်မတော် သူနာပြုနှင့်     ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ် (၂၀)နှင့်  အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇)တို့၏ သင်တန်းဆင်း သည့်နေ့ဖြစ်ပြီး     နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ် လောင်းသည့်  နေ့တစ်နေ့ဖြစ်၍ ဂုဏ်ယူဖွယ်ရာ  ထူးခြားလေးနက် သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျရာ     တပ်အသီးသီးကို သွားရောက်တာဝန်ထမ်းဆောင် ကြရမည်ဖြစ်၍        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မဟာသရေ စည်သူ မင်းအောင်လှိုင် ကိုယ်စား မှာကြားစရာ    ရှိသည်များကို အလေးအနက်ထား     မှာကြား သွားမည်ဖြစ်ကြောင်း။

သင်ကြားမွေးထုတ်

တပ်မတော်       သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည် “ဒို့တာဝန်      အရေးသုံးပါးကို ကာကွယ်မည့်        အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊     နှလုံးရည်ပြည့်ဝ သည့်    သူနာပြုများ၊  ဆေးဝါး ကျွမ်းကျင်သူများနှင့်  ဆေးဘက် ပညာသည်များ မွေးထုတ်ပေးရန်’’ ဆိုသည့်   ရည်ရွယ်ချက်နှင့်အညီ သူနာပြုစိတ်ဓာတ်       ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူ များနှင့်      ဆေးဘက်ဆိုင်ရာ နည်းပညာ    ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ် ပေးလျက်ရှိကြောင်း၊    ယင်းသို့လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် သင်တန်းဆင်းသည့် သူနာပြု နှင့်    ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)   နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၇) အထိ “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်”များအဖြစ် လေ့ကျင့် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်      ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆေးဝါး  ကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များသည် မရှိမဖြစ်  အရေးပါသည့်  အခန်း ကဏ္ဍက     ပါဝင်နေသည့်သူများ ဖြစ်၍ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား    အရင်းအမြစ်များ အဖြစ် လေ့ကျင့်မွေးမြူပေးလျက် ရှိကြောင်း၊   သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင်  ၁၉၅၉ ခုနှစ် တွင်       စစ်သူနာပြုသင်တန်း တပ်ဆွယ်ကာလတွင်   အမျိုးသမီး စစ်သူနာပြု      အရာရှိလောင်း သင်တန်းအမှတ်စဉ်  (၁)  မှ (၁၆) အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ် တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီး ဗိုလ်လောင်းသင်တန်းကို အမှတ် စဉ်(၁)မှ    အမှတ်စဉ်(၄)အထိ တပ်မတော်   ဆေးတက္ကသိုလ်၌ လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ    တက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသားများ နှင့် အမျိုးသမီးများကိုပါ သူနာပြု သိပ္ပံဘွဲ့သင်တန်းများ တက်ရောက် စေခဲ့ကြောင်း၊     အရပ်ဘက် တက္ကသိုလ်များက သူနာပြုသိပ္ပံဘွဲ့ ရရှိခဲ့ပြီး မိမိသဘောဆန္ဒအလျောက် တပ်မတော်သား   တစ်ဦးအဖြစ် တာဝန်     ထမ်းဆောင်ရန် လျှောက်ထား  ဆန္ဒပြုခဲ့သူများကို လည်း   လိုအပ်သည့်    အခြေခံ စစ်ပညာ        သင်တန်းများ တက်ရောက်စေခဲ့ပြီး သူနာပြုတပ်ဖွဲ့ ဝင်များအဖြစ်  ခန့်အပ်  တာဝန် ထမ်းဆောင်စေနိုင်ခဲ့ကြောင်း။

အခြေခံဘွဲ့   သင်တန်းဆင်းပြီး အချိန်ကာလတစ်ခုအထိ စစ်မြေပြင် ဆေးအကာအကွယ်ပေး  တာဝန် ထမ်းဆောင်ပြီးပါက အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ်ပြီး မဟာဘွဲ့သင်တန်းများ ဆက်လက် တက်ရောက်စေလျက်ရှိကြောင်း၊ မဟာသိပ္ပံဘွဲ့  သင်တန်းများအပြင် သူနာပြုပါရဂူဘွဲ့      သင်တန်း၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့  သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင်    အခြားလိုအပ်သည့် ဘာသာရပ်ဆိုင်ရာ     ပါရဂူဘွဲ့ သင်တန်းများ ထပ်မံဖွင့်လှစ်နိုင် ရေးလည်း  စီမံဆောင်ရွက်လျက်ရှိ ကြောင်း။

သင်ကြားရေးအပိုင်းတွင် ပိုမို ထိရောက်စေရန်  သင်ထောက်ကူ ပစ္စည်းများ၊  လက်တွေ့ခန်းမနှင့် နည်းပြလိုအပ်ချက်များကိုလည်း ဘဏ္ဍာရေးနှစ်အလိုက်   လိုအပ် ချက်အပေါ် မူတည်ပြီး ဘက်ပေါင်း စုံက   ဖြည့်ဆည်းပေးလျက်ရှိ၍ နိုင်ငံတကာနှင့်   ရင်ပေါင်တန်းနိုင် အောင်လည်း ပြည်ပနိုင်ငံ ၁၁ နိုင်ငံ တွင်ရှိသည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာ တက္ကသိုလ်များတွင် ပါရဂူ ဘွဲ့၊ မဟာသိပ္ပံဘွဲ့များနှင့် ဒီပလိုမာ ဘွဲ့များကို  စေလွှတ်တက်ရောက် စေလျက်ရှိရာ      ယခုဆိုလျှင် သင်တန်းသား ၁၃၇ ဦး တက်ရောက် အောင်မြင်ခဲ့ကြပြီးဖြစ်ကြောင်း။ 
ယင်းသို့  ပြည်ပသင်တန်းများတက်ရောက်စေခြင်းသည် နိုင်ငံ တကာစံနှုန်းနှင့်အညီ   ခေတ်မီ တပ်မတော်တစ်ရပ်    ဖြစ်စေရေး ရည်မှန်း    ဆောင်ရွက်ချိန်တွင်  အရည်အချင်း     ပြည့်ဝသည့် သူနာပြုနှင့် ဆေးဘက်ပညာသည် များ ဖြစ်လာအောင် လူသားအရင်း အမြစ်များ  မွေးထုတ်ပေးနေခြင်း ဖြစ်၍ လက်တွေ့နယ်ပယ်ရောက်ရှိ ချိန်တွင်   အမိတက္ကသိုလ်ကြီးက သင်ကြားပေးခဲ့သည့် ပညာရပ်များ ကို   စဉ်ဆက်မပြတ်   ဆက်လက် လေ့လာဆောင်ရွက်သွားကြရန် နှင့် ပြည်တွင်းဆင့်ပွားသင်တန်း များကတစ်ဆင့် မိမိတတ်မြောက် ခဲ့သည့် ပညာရပ်ဆိုင်ရာ ဗဟုသုတ များကို    မျှဝေပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

စိန်ရတုနှစ်ပတ်လည်တိုင်ခဲ့ပြီ

လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကတည်းက မြန်မာ့တပ်မတော်နှင့် အတူ သန္ဓေတည် ပေါက်ဖွားလာ ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ပညာရှင် များ  ပူးပေါင်းပါဝင်ဖွဲ့စည်းထား သည့်    ဆေးဝန်ထမ်းတပ်ဖွဲ့ ပေါ်ပေါက်လာမှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စိန်ရတု နှစ်ပတ်လည် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည်  လွတ်လပ်ရေး ရပြီးကတည်းက ယနေ့တိုင် ခေတ် အဆက်ဆက်တွင် တပ်မတော်၏ လက်ရုံးဝန်ထမ်း  တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး  ပြည်တွင်း တည်ငြိမ် အေးချမ်းသာယာရေး၊   ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေး အတွက် လိုအပ်သည့် စစ်ဆင်ရေး နှင့် နယ်မြေစိုးမိုးရေးဆောင်ရွက် ရာတွင်လည်း ကျရာအခန်းကဏ္ဍ၌ ပါဝင်ထမ်းဆောင်ခဲ့ကြကြောင်း။

ထို့အပြင်     လူသားအားလုံး အခြေခံလိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှုများကို အရည် အသွေးပြည့်ဝစွာနှင့်   ငွေကြေး အခက်အခဲမရှိဘဲ   ရယူနိုင်ရမည် ဆိုသည့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏   ကျန်းမာရေးလွှမ်းခြုံမှု ပန်းတိုင်အတိုင်းပင် တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များ၌ တပ်မတော်သားများနှင့် မိသားစု ဝင်များကို        ကျန်းမာရေး စောင့်ရှောက်မှု     လုပ်ငန်းများ၊ စစ်မြေပြင်လက်တွေ့  ဆေးအကာ အကွယ်ပေးရေး    လုပ်ငန်းများ သာမက    ခေတ်အဆက်ဆက် ဒေသတွင်း       ပြည်သူလူထု၏ ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း  အကုန် အကျ   အနည်းဆုံးဖြင့်  ရောဂါ ပျောက်ကင်းစေရေး    တစ်ဖက် တစ်လမ်းကလည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း။

နိုင်ငံတော်အစိုးရအဆက်ဆက် နိုင်ငံတစ်ဝန်းလုံးတွင်    ရှိသည့် ပြည်သူလူထုကို ပြည့်စုံလုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး  ရည်ရွယ်ဆောင်ရွက် သည့်  နေရာတွင်လည်း  တစ်ဖက်  တစ်လမ်းက  အတတ်နိုင်ဆုံး ကူညီ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ များက  နယ်လှည့်ဆေးကုသမှု လုပ်ငန်းများကို      အင်တိုက် အားတိုက်   တိုးမြှင့်ဆောင်ရွက် ပေးရာတွင်   ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ပြည်သူ့ အကျိုးပြု ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို       လမ်းပန်း ဆက်သွယ်ရေး       ခက်ခဲသည့် တောင်ပေါ်ဒေသနှင့်  ကျေးလက် ဒေသများပါမကျန်    ကိုယ်တိုင် ကိုယ်ကျ သွားရောက်စောင့်ရှောက် ကုသပေးခဲ့ကြကြောင်း။

ရွေ့လျားဆေးကုသမှု

ထိုသို့     ဆောင်ရွက်ရာတွင် တပ်မတော်သား အရာရှိ/စစ်သည် ကျွမ်းကျင်သူများအပြင် ဆေးဘက် ဆိုင်ရာ   ဆေးဝါးများ၊  ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်း များပါဝင်သည့် ရွေ့လျားဆေးကုသ မှုယာဉ်များဖြင့်    ပါဝင်ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရေလမ်းကြောင်းတစ်ခုတည်းသာ    အားကိုးအားထားပြုပြီး သွားလာ နေကြရသည့်  နေရာမျိုးများသို့ လည်း      မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊   ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)   တို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုး တန်းဒေသများရှိ   ပြည်သူလူထု များကို ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင်   ကြိုတင်မမျှော်မှန်း နိုင်သည့်  သဘာဝဘေးအန္တရာယ် များ  ကြုံတွေ့ရသည့်အချိန်တိုင်း တွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     မဟာသရေ စည်သူ       မင်းအောင်လှိုင်က “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဟု မိန့်ကြားထားသည့် အတိုင်း တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည်လည်း အချိန်၊ နေရာဒေသ၊  လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန်  ကယ် ဆယ်ရေး      လုပ်ငန်းများကို အားကြိုးမာန်တက်   ဆောင်ရွက် ပေးလျက်ရှိကြောင်း။
ထို့ပြင် သင်ကြားရေးဆောင်ရွက် ရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြင့်ဆုံးအချိန်တွင်လည်း စာတွေ့ မှ လက်တွေ့ဆီသို့ ပြောင်းလဲကာ လိုအပ်ချက်အရ အသက်အန္တရာယ် နှင့် ဆိုးရွားပြင်းထန်သည့် ရောဂါ ကူးစက်ခံရနိုင်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ပြည်သူလူထု၏ ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများတွင်  ကိုယ်ကျိုးစွန့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ထို့ကြောင့်      ကျန်းမာရေး စောင့်ရှောက်မှု     လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် သူနာပြု တပ်ဖွဲ့ဝင်ကောင်းများ    အဖြစ် ကျရာတာဝန်ကို    ဆက်လက် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်အသီးသီးတွင်   အရည် အချင်း၊  အရည်အသွေး ပြည့်မီသူ များဖြစ်အောင်     အမြဲမပြတ် ဖြည့်ဆည်း    ကြိုးစားကြရန်လို ကြောင်း။

သူနာပြုပညာရပ်သည် ကျန်းမာ ရေးကဏ္ဍတွင်    အရေးပါသည့် ပညာရပ်တစ်ရပ်    ဖြစ်ကြောင်း၊ သူနာပြုများသည်လည်း  ကရုဏာ တရားကြီးမားပြီး   ကြင်နာတတ် သူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ် သူ၊ စေတနာထက်သန်သူ၊ စိတ်ထား မွန်မြတ်သူ၊    အပင်ပန်း အဆင်းရဲ ခံနိုင်သူ၊       ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သူ စသည့်အင်္ဂါရပ်များ နှင့်  ထူးထူးကဲကဲ  ပြည့်စုံသူများ ဖြစ်ကြောင်း၊     စေတနာနှင့် အကြင်နာဆိုသည်     အလွန် ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြစ်သည့်အပြင်   လူနာ၏ ယုံကြည်လေးစားမှု၊ ချစ်ခင်မှုများ ကို  ရရှိစေနိုင်ကြောင်း၊  သူနာပြု တစ်ဦးအနေဖြင့် ကျန်းမာရေးပြုစု စောင့်ရှောက်ပေးရာတွင် ကျန်းမာ ရေးဆိုင်ရာ ပညာပေးသူ၊ ဆွေးနွေး အကြံပြုသူ၊ ပြုစုစောင့်ရှောက်ပေး သည့်သူ  စသည့် အသွင်သဏ္ဌာန် မျိုးစုံနှင့်   ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များတွင်   ပါဝင်နေ ကြခြင်းဖြစ်ပြီး သူနာပြုတစ်ဦး၏ အပြောအဆို၊     အပြုအမူသည် လူနာ၏    စိတ်ဓာတ်ခွန်အားများ လန်းဆန်း      တက်ကြွစေနိုင်ပြီး ကုသမှုကို ထိရောက်စေကြောင်း။

ထို့ကြောင့်    သူနာပြုကောင်း တစ်ဦးဖြစ်စေရန် အရေးကြီးဆုံး သည်  “ဝါသနာ၊   စေတနာ၊  အကြင်နာ၊   အနစ်နာ၊   နမူနာ”  ဆိုသည့် နာ ငါးနာနှင့် ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ထိုသို့  ထားရှိရ မည့်     အခြေခံကောင်းများကို လေးနှစ်တာ    သင်တန်းကာလ အတွင်း၌ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊     ထို့အပြင် သူနာပြုကောင်း     တစ်ဦးတွင် ထားရှိရမည့်   လူသားဆန်သည့် စိတ်ဓာတ်များဖြစ်သည့် တည်ငြိမ် ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ် ရှိမှု၊    ခံနိုင်ရည်ရှိမှု၊   စိတ်အား ထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှု များနှင့်   ပြည့်ဝနေစေရန်    မိမိ ကိုယ်ကို အမြဲမပြတ်ဖြည့်ဆည်း လေ့ကျင့်နေရမည်ဖြစ်ကြောင်း။

သူနာပြုကောင်းများ ဖြစ်လာမည်

သူနာပြုစိတ်ဓာတ်၏  အခြေခံ ညွှန်းဆိုချက်သည်   “လူနာ၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာ   ကောင်းမွန်ရေး” ပင်ဖြစ်ကြောင်း၊ သူနာပြုစိတ်ဓာတ် ကောင်းများနှင့်    ပြည့်စုံနေမည် ဆိုလျှင် မည်သည့်နေရာဒေသတွင် မဆို ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်  ထမ်းဆောင်သွား နိုင်မည်ဖြစ်ပြီး    တပ်မတော်သား မိသားစုဝင်များနှင့်  ပြည်သူလူထု က  အားကိုးအားထားပြုရသည့် သူနာပြုကောင်းများ  ဖြစ်လာမည် ဖြစ်ကြောင်း။
ထို့အပြင် သူနာပြုများ ခံယူအပ် သည့် သူနာပြုအဓိဋ္ဌာန် ကတိသစ္စာ ကိုးချက်ကိုလည်း    တည်ကြည် ဖြောင့်မတ်မြဲမြံစွာ   စောင့်ထိန်း လိုက်နာသွားကြရန် အထူးလိုအပ် ကြောင်း၊  မည်သို့ပင်  တုံးတိုက် တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန်    အလံမလှဲ စိတ်ဓာတ်များဖြင့် တိုက်ပွဲဝင်ကြ သည့် တပ်မတော်သား  အရာရှိ/စစ်သည်များ     ဒဏ်ရာအနာတရ ဖြစ်ချိန်၊ ကျန်းမာရေးချို့ယွင်းချိန် များတွင်  လူသားများပီပီ   ပြုစု စောင့်ရှောက်သူများ၏ အကြင်နာ၊ ကရုဏာကို တမ်းတလိုချင်ကြခြင်း ဖြစ်၍ လူနာအားလုံး၏ ကိုယ်ရော စိတ်ပါ   ကျန်းမာရေးကို    မိမိ၏ အရေးကိစ္စကဲ့သို့ သဘောထားပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးရန်လိုအပ်၍ မိမိ၏ ကျင့်ဝတ် နှင့် ဂုဏ်သိက္ခာကိုလည်း တန်ဖိုး ထား မြှင့်တင်ကြရမည်ဖြစ်ကြောင်း။
အချိန်နှင့်အမျှ    ပြောင်းလဲ တိုးတက်နေသည့် နည်းပညာခေတ် တွင် စစ်ဆင်မှုပုံစံများနှင့် ကျင့်သုံး သည့်   စစ်နည်းဗျူဟာများက လည်း တိုးတက်ပြောင်းလဲလျက်ရှိ ကြောင်း၊  ယနေ့   ခေတ်သစ်စစ်ပွဲ များတွင်  အချိုးညီ  ဘက်စုံစစ်ပွဲ အသွင်၊   အချိုးမညီ  ဘက်စုံစစ်ပွဲ အသွင် သီးသန့်စီဖြစ်စေ၊ ပေါင်းစပ် ပြီးဖြစ်စေ ကျင့်သုံးသည့် စစ်ဆင်မှု အမျိုးမျိုးကို  ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့် တိုက်ပွဲများ ဖော်ဆောင်နေကြ ခြင်းဖြစ်ကြောင်း။

ယနေ့     ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာကြီးပုံစံ  ဖြစ်ပေါ်နေသည့် အတွက် နိုင်ငံတိုင်းသည် ထီးတည်း နေ၍မရဘဲ    ကိုယ်ကျိုးစီးပွား တူညီသူအချင်းချင်း    လက်တွဲ ဆောင်ရွက်နေကြရကြောင်း၊ ထို့အပြင်     ကိုယ်ကျိုးစီးပွားတူ အချင်းချင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး    ပူးပေါင်း ဆောင်ရွက်ရာတွင်    စစ်ဘက် ဆိုင်ရာ    ကဏ္ဍများတွင်လည်း အတွေ့အကြုံရရှိစေရန် နိုင်ငံတကာ တပ်မတော်  အားကစားပြိုင်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်စေခြင်း၊ တပ်ဖွဲ့ အတွင်း    ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အာဆီယံ     စစ်ဘက်ဆေးပညာ ညီလာခံ၊  အာဆီယံဓာတု၊ ဇီဝနှင့် ရေဒီယိုသတ္တုကြွဆိုင်ရာ ကာကွယ် ရေး    ကျွမ်းကျင်ပညာရှင်များ ကွန်ရက်၊  အာဆီယံတပ်မတော် ဆေးဘက်ဆိုင်ရာ    ဗဟိုဌာန၊ အာဆီယံ     လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  ညှိနှိုင်းမှု ဗဟိုဌာန စသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံဆေးတပ်ဖွဲ့များနှင့်  ပူးပေါင်း ဆောင်ရွက်ခြင်း၊   အပြည်ပြည် ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ် များ ညီလာခံ၊ နိုင်ငံတကာစစ်ဘက် ဆေးပညာဆိုင်ရာ  ကော်မတီများ နှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ ခြင်းများ  ဆောင်ရွက်စေလျက်ရှိ ပြီး   ရရှိလာသည့်  အတွေ့အကြုံ ဗဟုသုတများကို    အခြေခံပြီး တပ်မတော်   ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များ၏ စွမ်းဆောင်ရည် မြင့်မား လာစေရန်  ဆက်လက်လေ့ကျင့်ပေးသွားရမည်ဖြစ်ကြောင်း။

ထို့အပြင် အနာဂတ်ကာလတွင် Artificial   Intelligence (AI) နည်းပညာရပ်သည်  ဆေးကုသမှု ဆိုင်ရာနယ်ပယ်ထဲ၌ အနှေးနှင့် အမြန်ဆိုသလို  ဝင်ရောက်လာနေ ခြင်းဖြစ်သည့်အတွက် ဆေးပညာ သင်ကြားရေး(Medical Educa-tion)တွင်  ဆရာဝန်နှင့် သူနာပြု သင်တန်းသား သင်တန်းသူများကို AI နည်းပညာနှင့် ရင်းနှီးအောင် သင်ကြားပေးနိုင်ရန်   သင်ရိုး ညွှန်းတမ်းများကို   နိုင်ငံတကာ စံနှုန်းနှင့် နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း။

ပညာဗဟုသုတ      ရှာမှီးမှု (Knowledge Acquisition)ကို အခြေခံသည့်  သင်ကြားမှုစနစ် ကနေ   ဗဟုသုတစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ဆောင်ရွက်မှု(Know-ledge   Management   and Communication)ကို အခြေခံသည့်  

သင်ရိုးညွှန်းတမ်းမျိုး   ဖြစ်အောင်    အဆင့်မြှင့်တင် ဆောင်ရွက်သွား ရန်လိုအပ်ပြီး  ခေတ်နှင့်လျော်ညီ သည့်   ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆရာဝန်များနှင့်  သူနာပြုများကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ရန်   ဆောင်ရွက်      သွားကြရမည် ဖြစ်ကြောင်း။

တပ်မတော်သည်  တိုင်းပြည်၏ အစိတ်အပိုင်း၊    ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ပြီး တပ်မတော် သားများသည်      တိုင်းရင်းသား ပြည်သူများမှ  မွေးဖွားလာကြသူ များ၊ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်း၍မဟုတ်ဘဲ    မိမိဆန္ဒ အရ တပ်မတော်အတွင်းသို့ စစ်မှု ထမ်းများအဖြစ် ဝင်ရောက်လာကြ သူများဖြင့် ဖွဲ့စည်းထားသည့် တစ်ခု တည်းသော    တပ်မတော်ဖြစ် ကြောင်း၊  တပ်မတော်၏ အဓိက တာဝန်က နိုင်ငံတော်ကာကွယ်ရေး တာဝန်     ဖြစ်ခြင်းနှင့်အညီ ပြည်တွင်းနှင့်    ပြည်ပရန်စွယ် အန္တရာယ်     ဟူသမျှကိုလည်း လွတ်လပ်‌ရေးရပြီးသည့် နောက်ပိုင်း မှစ၍   ယနေ့တိုင်   ခေတ်အဆက် ဆက်   အစိုးရအဆက်ဆက်၌ ကာကွယ်ခဲ့၊    ကာကွယ်ဆဲဖြစ် ကြောင်း။ 

ထာဝရငြိမ်းချမ်းရေးအတွက်

ယနေ့    အချိန်ကာလသည် နိုင်ငံတော်ကို  ပါတီစုံဒီမိုကရေစီ လမ်းကြောင်း       ခိုင်မာစေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်ချမှတ်ပြီး    နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့်  စစ်မှန် စည်းကမ်းပြည့်ဝသည့်     ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး၊  ဒီမို ကရေစီနှင့်    ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံစေရေး   ရည်မှန်းချက်များ ထားရှိ၍ နိုင်ငံတော်ကို အားသွန် ခွန်စိုက်   ကြိုးပမ်းတည်ဆောက် နေချိန်ဖြစ်ကြောင်း၊     ထိုသို့ တည်ဆောက်သည့်   နေရာတွင် နိုင်ငံအဝှမ်း  တည်ငြိမ်အေးချမ်းမှု သည်  မရှိမဖြစ်  အထူးပင်လိုအပ် ကြောင်း၊ ထို့အတွက်ကြောင့်လည်း လွတ်လပ်ရေးရပြီး   ကတည်းက (၇၅)နှစ် ကြာသည်အထိ နယ်ချဲ့ ကိုလိုနီများ၏ သွေးခွဲမှုအမျိုးမျိုး ကြောင့် နိုင်ငံရေးအယူအဆများ၊ လူမျိုးရေးအယူအဆများ၊ ဘာသာ ရေး အယူအဆများစသည့် အယူ အဆ  အမျိုးမျိုးကြောင့်  ပဋိပက္ခ အမျိုးမျိုးကို ပြည်သူများ အများစု ခါးစည်းခံခဲ့ရမှုများလည်းရှိနေခဲ့၊ ရှိနေဆဲဖြစ်ခြင်းကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်း တည်ငြိမ်ပြီး အမြန်ဆုံး တိုးတက် ဖွံ့ဖြိုးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ကြိုတင်ကန့်သတ်ချက် မထားဘဲ    ထာဝရငြိမ်းချမ်းရေး အတွက်    ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     ကိုယ်တိုင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် အဖွဲ့အစည်း ခေါင်းဆောင် များအား လက်ခံတွေ့ဆုံ၍ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံမှုအခြေ အနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို   လက်ခံမှု အခြေအနေ နှစ်ချက်အပေါ် အပြန် အလှန်ဆွေးနွေးပြီးနောက် လက်ခံ ကြသည့်  တိုင်းရင်းသားလက်နက် ကိုင်  အဖွဲ့အစည်း   ၁၀  ဖွဲ့အား အမျိုးသား     ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ညှိနှိုင်းရေး ကော်မတီဖြင့် အသေးစိတ်ဆွေးနွေး မှုများကို    အပြုသဘောဆောင် လျက်    အပြန်အလှန်ဆွေးနွေး လျက်ရှိကြောင်း။
ထိုသို့ တပ်မတော်နှင့် တိုက်ရိုက် ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဖိတ်ခေါ် ဆွေးနွေးခဲ့ခြင်းသည်လည်း လွတ်လပ်ရေးရပြီး (၇၅)နှစ်တာ ကာလအတွင်း ပဋိပက္ခအမျိုးမျိုး ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်လာခဲ့ကြ သည့် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်  သွေးချင်းညီအစ်ကို မောင်နှမများ၏ ခံစားခဲ့၊ ခံစားကြ ရဆဲ ပဋိပက္ခဆိုးကျိုးများချုပ်ငြိမ်း ပြီး   နိုင်ငံတော်ကြီး  အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စစ်မှန် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်    ဖြစ်စေရန်ပင်ဖြစ် ကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် ကျရာအခန်း ကဏ္ဍက      တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ရပ်နှင့် သမိုင်းကြောင်း များကို အမြဲလေ့လာ  မှတ်သားနေ ရန် လိုအပ်ကြောင်း။

တပ်တွင်း၊ တပ်ပြင် စည်းလုံး ညီညွတ်ရေးကို   ခိုင်မာစွာ တည်ဆောက်ထားရန်  လိုအပ်
တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များအပြင် သမိုင်းက     ပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို အောင်မြင်စွာ    ထမ်းရွက်နိုင်ရန် တပ်တွင်း၊      တပ်ပြင်    စည်းလုံး ညီညွတ်ရေးကို      ခိုင်မာစွာ တည်ဆောက်ထားရန်    လိုအပ် ကြောင်း၊  တပ်မတော်သား အဆင့် အတန်းအားလုံးနှင့်  မိသားစုဝင် များသည်   ဘယ်သူခွဲခွဲ  ဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့်အတိုင်း စုစည်းကျစ်လျစ်      ခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယနေ့ခေတ် သည် နည်းပညာခေတ်ဖြစ်ခြင်းနှင့် အညီ လူမှုကွန်ရက်အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး   တပ်တွင်း စည်းလုံးညီညွတ်မှု   ပြိုကွဲရေးကို ပြုလုပ်နေကြသလို Main Stream Media များကလည်း  တပ်မတော် နှင့် တပ်မတော်သားများအပေါ်ကို နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှုလွဲမှားစေရေး ပုံဖော် နေလျက်ရှိခြင်းကိုလည်း သတိပြု ကြရန်လိုအပ်ပြီး   ထုတ်ပြန်ပေး ထားသည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO)တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တိကျ စွာ လိုက်နာကြရန်လိုကြောင်း။

ထို့အပြင်   တပ်တွင်းစည်းလုံး ညီညွတ်ရေးကို    ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်၍ တစ်ဖက် ကလည်း  တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊    ပြည်သူလူထု၏ အသက်အိုးအိမ်     စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေး    စောင့်ရှောက်ပေး ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ကူညီထောက်ပံ့ ပေးခြင်းများသည်  လက်တွေ့ပါ သည့်   စည်းရုံးရေး  ဆောင်ရွက် နေခြင်းကို    နားလည်သဘော ပေါက်ကြရမည်     ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူ တစ်သား တည်းဖြစ်အောင်   ပြည်သူလူထု အပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များ ကို   လိုက်နာကျင့်သုံးခြင်းဖြင့် တပ်ပြင်စည်းရုံးရေးကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။

စစ်သည်တော်ကောင်းတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ရာတွင် တုံးတိုက်တိုက်  ကျားကိုက်ကိုက် စိတ်ဓာတ်၊  လှေခွက်ချည်းကျန် အလံမလှဲသည့်      စိတ်ဓာတ်၊ တပ်မတော်၏    အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်စသည့် တပ်မတော်၏ စိတ်ဓာတ်များကိုလည်း လေ့ကျင့် မွေးမြူထားကြရန်လည်း လိုအပ် ကြောင်း၊ ယခုလိုစိတ်ဓာတ်များ ရှိရန်၊  ခိုင်မာမြဲမြံနေရန် စစ်စည်း ကမ်းသည် အဓိက ကျောရိုးမဏ္ဍိုင် ပင်ဖြစ်ကြောင်း၊  တပ်မတော်သား များသည်     စစ်ဘက်ဥပဒေများ အပြင် နယ်ဘက်ဥပဒေများကိုပါစောင့်ထိန်းလိုက်နာကြရသည့် သူများဖြစ်၍     တားမြစ်ချက်၊ တိုက်တွန်းချက်များကို   သိရှိ လိုက်နာပြီး တိကျစွာ မိမိကိုယ်တိုင် နှင့် မိမိအဖွဲ့အစည်းပါ လိုက်နာ ကြရန်   လိုအပ်ကြောင်း၊    နိုင်ငံ တစ်နိုင်ငံ၊  လူမျိုးစုတစ်စု၊  အဖွဲ့ အစည်းတစ်ခု   ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန်အတွက်  အခြေခံ အကျဆုံးသည်    စည်းကမ်း ကောင်းမွန်ရေးပင် ဖြစ်ကြောင်း။

ယနေ့ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံကြီး များကိုကြည့်လျှင် အခြေခံအားဖြင့် ပြည်သူအများစုသည် စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်ကြံ့ခိုင်ကြသူ များ ဖြစ်ကြသည်ကို တွေ့မြင်ကြရ ကြောင်း၊ထို့ကြောင့် တစ်ဦးချင်းမှ အစ  မိမိပါဝင်သည့် အဖွဲ့အစည်း ကိုလည်း စည်းကမ်းစိတ်ဓာတ် ပြည့်ဝကြံ့ခိုင် ကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်ကြခြင်း ဖြင့် အမိနိုင်ငံတော်ကြီး အမြန်ဆုံး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌လည်း တစ်ဖက်တစ်လမ်း မှ    အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။ 
သစ္စာစောင့်သိမှု    တရားသည် တပ်မတော်အား   (၁၀)ပါးတွင် တစ်ပါးအပါအဝင်  ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှု၊  စိတ်ဓာတ် ခိုင်မာမှု၊  စည်းကမ်းကောင်းမွန်မှု များနှင့်   ပြည့်စုံနေမည်ဆိုလျှင် မိမိတပ်ရင်း၊  တပ်ဖွဲ့၊  တပ်မတော် နှင့်  ပြည်သူလူထုအပေါ်၊  နိုင်ငံ တော်အပေါ်တွင်  သစ္စာစောင့်သိ နေခြင်းပင်ဖြစ်၍ မိမိအဖွဲ့အစည်း နှင့် သေအတူ ရှင်မကွာအတူတကွ လက်တွဲ    တာဝန်ထမ်းဆောင် နေကြသည့် ရဲဘော် ရဲဘက်များ အပေါ်တွင်   ထားရှိရမည့်  သစ္စာ စောင့်သိမှုသည်  ပို၍အရေးကြီး ကြောင်း။

တပ်မတော်နှင့် နိုင်ငံတော်အပေါ်  သစ္စာဖောက်ဖျက်သည့် မည်သည့်    လုပ်ရပ်မျိုးကိုမဆို      ရှောင်လွှဲ ဆန့်ကျင်ရမည်     ဖြစ်ကြောင်း၊ အမိနိုင်ငံတော်ကြီးကို  တစ်စိတ် တစ်ဝမ်းတည်း        ဖြစ်အောင်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ    ရင်းနှီးချစ်ခင်    စည်းလုံး ညီညွတ်မှုရရှိအောင်၊   နိုင်ငံတော် ကြီး ဖွံ့ဖြိုးတိုးတက်အောင် မြတ်နိုး တန်ဖိုးထားပြီး ဝိုင်းဝန်းကြံဆောင် ကြခြင်းဖြင့် သစ္စာစောင့်သိမှုကို ပြသကြရမည်ဖြစ်ကြောင်း။ 

ဆေးဝန်ထမ်း   တပ်ဖွဲ့ဝင်များ ဖြစ်သည့် ရဲဘော်တို့သည်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာ     ကောင်းများကို ထိန်းသိမ်းပြီး     နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်း တမံ   ထမ်းဆောင်သွားကြပြီး တပ်မတော်က  ယုံကြည်အားထား ဂုဏ်ယူရသည့်    ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် သူနာပြုနှင့် ဆေးဘက် ပညာကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားတည်ဆောက် သွားကြရန် လိုကြောင်း။

အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့် အညီ  စောင့်ထိန်းလိုက်နာ

သူနာပြုစိတ်ဓာတ်   ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့် သူနာပြုများ၊  ဆေးဝါးကျွမ်းကျင် သူများနှင့်      ဆေးဘက်ဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူများဖြစ် အောင်    ဆက်လက်လေ့ကျင့် ဖြည့်ဆည်းသွားကြရန်၊ တပ်မတော် သား မိသားစုဝင်များကိုသာမက  ပြည်သူလူထု     တစ်ရပ်လုံးကို  ပြည့်စုံလုံလောက်သည့်  ကျန်းမာ ရေး စောင့်ရှောက်မှုပေးရာတွင် သူနာပြုများ    ခံယူကျင့်သုံးအပ် သည့်  အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့်အညီ  စောင့်ထိန်းလိုက်နာ သွားကြရန်၊ နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်မှုများကို    ဆင်ခြင် သုံးသပ်ပြီး  တပ်တွင်း၊  တပ်ပြင် စည်းလုံးညီညွတ်ရေးကို   မြဲမြံ ခိုင်မာအောင် တည်ဆောက်သွား ကြရန်၊  စိန်ရတု  ဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်း   တပ်ဖွဲ့ဝင်များ၏ ကောင်းမြတ်သည့်   သမိုင်းအစဉ် အလာများကို  ဆက်လက်ထိန်းသိမ်း သွားကြရန်လိုကြောင်း  ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး   သရေ စည်သူ စိုးဝင်းသည် ကျောင်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနား    အပြီး တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး   သရေ စည်သူ  စိုးဝင်းသည်  တပ်မတော် သူနာပြုနှင့်    ဆေးဘက်ပညာ တက္ကသိုလ်     ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား   သင်တန်းသူများ ကို  တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ညပိုင်းတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်      အဖွဲ့ဝင်များသည် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့သင်တန်း အမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၇)သင်တန်းဆင်း  ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပြီး သင်တန်းဆင်း သူနာပြု များ၊  ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာ ကိုအတူတကွ သုံးဆောင်ကြသည်။

ညစာ     သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့်  အဖွဲ့ဝင် များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ    တက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏    ဂုဏ်ပြု တီးမှုတ်မှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သင်တန်း ဆင်း သူနာပြုများနှင့်အတူ သဘင် ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို    ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်