ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို မေ ၃၁ ရက် နံနက်ပိုင်းကက သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်ခန်းမ၌ ကျင်းပရာ ဘူမိဥယျာဉ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦး BOT လမ်း ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦ အသစ်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (‌နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်နေမှုနှင့် သီးကုန်းတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ တိုးလ်ဂိတ်၌ ကတ္တားအသစ် ပြန်လည်တပ်ဆင်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ကျင်းပပြုလုပ်မည်

ပြည်ပနိုင်ငံ၏ ဝယ်လိုအားကြောင့် နယ်စုံဒေသများမှ ဝင်ရောက်လာသည့် နွေပဲတီစိမ်း(အညာရွှေဝါ)များ အရောင်းအဝယ်ကောင်းနေ
ယခုရက်ပိုင်း မန္တလေးပဲဈေးကွက်အတွင်းသို့ နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးပြီး ပေါ်ဦးပေါ်ဖျား ဝင်ရောက်လာသည့် နွေပဲတီစိမ်း(အညာရွှေဝါ)များ ပြည်ပနိုင်ငံ၏ ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
ကြေညာချက်