ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦး BOT လမ်း ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦ အသစ်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်နေမှုနှင့် သီးကုန်းတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ တိုးလ်ဂိတ်၌ ကတ္တားအသစ် ပြန်လည်တပ်ဆင်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။