ကျောက်မဲမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီ မိုးဆီထွက်သီးနှံ ဧကပေါင်း ၅၄၀၀၀ ကျော် စိုက်ပျိုးသွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီ ဒေသတွင်း စားသုံဆီဖူလုံစေရေးနှင့် ဆီထွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မိုးဆီထွက်သီးနှံကို ဧကပေါင်း ၅၄၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တာလေမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်း သာယာစွာ ပညာသင်ကြားလျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဇွန် ၃ ရက် နံနက် ၈ နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းများအားလုံးကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) သင်တန်းများမှာ ပထမနှစ်၊ ဒုတိယနှစ်(၂၀၂၂အောင်)၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့ပထမနှစ်၊ မဟာဘွဲ့ဒုတိယနှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းများမှာ တတိယနှစ်(၂၀၂၀အောင်)၊ ပထမနှစ်ဂုဏ်ထူးတန်း (၂၀၂၀အောင်)၊ မဟာဥပဒေပထမနှစ်၊ မဟာဥပဒေဒုတိယနှစ်၊ ဒီပလိုမာပထမနှစ်သင်တန်း၊ ဒီပလိုမာဒုတိယနှစ်သင်တန်း၊ ပါရဂူသင်တန်းများအားလုံးကို ဇွန် ၃ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည်။
မြင်းခြံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိ
၂၀၂၄ ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံအဝှမ်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။