အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော်ကဿပဘုရား ရာသီလမ်းဖွင့်ပွဲကျင်းပ
(၅၁)ကြိမ်မြောက် အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော် ကဿပဘုရား ရာသီလမ်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။