ပြန်/ဆက်နှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာဓမ္မာရုံတွင် မတ်လ(၂၀)ရက် နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့သည် အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုသခြင်းလုပ်ငန်းများကို ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြသည်။







