ခမောက်ကြီးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့် 

ကော့သောင်းခရိုင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခမောက်ကြီးမြို့  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော  သဘာဝဘေးလျော့ပါးရေး  စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) ကို ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပသည်။
ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ ရော်ဘာလှေနှင့် ကိရိယာများ လှူဒါန်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Team မှ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင် ရန် ရော်ဘာလှေ သုံးစီးနှင့် Safety Kit များ ပေးအပ်လှူဒါန်းပွဲကို မတ်  ၁၉  ရက်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သွားရောက်လှူဒါန်း

ညောင်ဦး   ၂၀   မတ်   
  

ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သွားရောက်လှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ နွေရာသီသောက်သုံးရေရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ကြပ်ကြီး စိုးမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို မတ် ၂၀ ရက်(တပေါင်းလပြည့်နေ့) ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပုဏ္ဏားကျွန်းမြို့နယ်ရှိနေရပ်စွန့်ခွာသူများအားသွားရောက်ထောက်ပံ့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဦးစီးမှူးဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် တိုက်ပွဲ ရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ထားဝယ်မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတောင်စား စေတီတော်(၂၅၆)နှစ်မြောက်နှင့် လောကမာရဇိန်ဘုရား(၁၄၃)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပွဲကြီးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။