မိုးနဲမြို့နယ်တွင် အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းဆင်းပွဲကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ပြည်နယ်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၏ စီစဉ်မှုဖြင့် အထည်ပန်းရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဆင်းပွဲ အခမ်းအနားကို လွိုင်မြေ ရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။








