မိုးညှင်းမြို့နယ်၌ ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ မတ် ၁၈ ရက် နံနက် ၉ နာရီက မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ ဦးတိုက်စိန်၏ ရော်ဘာ ခြံတွင် ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။






