တိုးမြှင့်ပင်စင်လစာများအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူနိုင်

နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစတင်၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စား တစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေးအမိန့် များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်လစာများ ဆောလျင်စွာ ခံစားရရှိနိုင်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
မုန့်ဟင်းခါးဖတ်နှင့် သကြားလုံးများ ထုတ်လုပ်ရာတွင် ဓာတုဗေဒဆေးဝါးများပါဝင်ခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေး
မအူပင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် ညောင်တုန်းမြို့နယ် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းပြီး ညောင်တုန်းမြို့ပေါ်ရှိ မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော မုန့်ဟင်းခါးဖိုလုပ်ငန်းများနှင့် သကြားလုံးထုတ်လုပ်သော လုပ်ငန်းများအား ကျန်းမာရေးနှင့် ညီညွတ်စွာထုတ်လုပ်ခြင်း၊ သန့်ရှင်းစွာထားရှိခြင်းနှင့် ဓာတုဗေဒဆေးဝါးများပါဝင်ခြင်းရှိ၊ မရှိတို့အား ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီခွဲက ရှောင်တခင်စစ်ဆေးခဲ့သည်။
မြန်မာ့အာမခံလုပ်ငန်းမှ အာမခံအကြောင်း သိကောင်းစရာများ ပညာပေးဟောပြော
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနေ သည့် ဝန်ဆောင်မှုများအား ပြည်သူများသိရှိရန်ရည်ရွယ်၍ အာမခံအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ကမမောင်းမြို့၌ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များ စစ်ဆေး
ကရင်ပြည်နယ် ကမမောင်းမြို့ သံလွင်ဦးမြို့မဈေး၌ ယနေ့ နံနက် ၉ နာရီက မျိုးစေ့၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရောင်းချနိုင်ရေး၊ အရောင်းလိုင်စင်သက်တမ်းများ မကုန်ဆုံးစေရန် သက်တမ်းတိုးမြှင့်နိုင်သွားစေရေး တို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့ကြီးလေးမြို့တွင် ပထမအကြိမ် သနပ်ခါးပွဲတော် အခမ်းအနားများ ကျင်းပ 
ယခုနှစ်မှ စတင်၍ တပို့တွဲလပြည့်နေ့ကို မြန်မာသနပ်ခါးနေ့ အဖြစ် သတ်မှတ်ကာ အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင် မြို့ တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က စတင်ကျင်းပခဲ့ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ တောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီပေးပို့နိုင်ပြီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော တောင်ခင်ရန်း ကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ အဆိုပါကျေးရွာရှိ တောင်သူများ၏ လယ်ယာထွက်ကုန်းများ ဈေးကွက်သို့ အချိန်မီ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဝင်ငွေနည်းမိသားစုများအတွက် အရင်းအနှီးများရရှိစေရေး လုပ်ငန်းလိုင်စင်ရရှိထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။