အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၇) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်
ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကျင်းပမည်
ပညာရေးဝန်ကြီးဌာန၊ Telecom International Myanmar Co., Ltd. (Mytel) နှင့် Skynet တို့ ပူးပေါင်းမှုဖြင့် မြန်မာလူငယ်များ မြန်မာစာ၊ မြန်မာစကားကို ချစ်ခင်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရေးနှင့် မြန်မာစကားပြော စွမ်းရည်များ တိုးတက်လာစေရေး၊ ထိုမှတစ်ဆင့် ပြင်ပစာပေဖတ်ရှုသည့် အလေ့အထများ ထွန်းကားလာစေတို့ကို ရည်ရွယ်၍ ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် တိရစ္ဆာန်ဥယျာဉ်လမ်းရှိ Mytel ရုံးချုပ်၌ ကျင်းပသည့်    စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်း
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲ အခမ်းအနားကို
မန္တလေးမြို့၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းဖွင့်
မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆို၌ ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ
ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်များအတွက် တရားဝင် လုပ်ကိုင်ခွင့်ပြုမိန့်များပေးအပ်
ကချင်ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်အတွက် တရားဝင် ခွင့်ပြုမိန့်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်
မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။