မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးမှ အထိမ်းအမှတ် အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကျင်းပ

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူ
၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့ နယ်မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာ စိုက်ထူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဉီးစီးဌာနမှမြို့နယ်ဉီးစီးမှူး ဉီးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်ပိုစတာအား စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ဒေးဒရဲမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက   ပြည်သူများအား အယ်လ်နီညိုအပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မြို့မစျေး၊ အေဝမ်းစျေးနှင့် ရုံးကြီးကွက်သစ် (၆)လမ်းစျေးတို့တွင် စျေးရောင်း၊ စျေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အလုပ်သမားနေ့အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ
၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(May Day)အခမ်းအနားတွင် MSMEsထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို မေ(၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ၌ကျင်းပသည်။
တာချီလိတ်မြို့၌ အလုပ်သမားနေ့ အခမ်းအနားကျင်းပ
၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပ ပြုလုပ်သည်။