တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၃,၉၀၀ ကျော်တန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၉၀၀ ကျော်တန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အေးသာယာစက်မှုဇုန်နှင့် ရှမ်းရိုးမမွေးမြူရေးဇုန်တို့သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော ဒေသထွက်ကုန်ပစ္စည်း ပြောင်းမှ စူပါဝင်းကြက်အစာ၊ ဝက်အစာ ထုတ်လုပ်နေသည့် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ခံမှ ကြက်အစာစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်အစာစပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ

အမေရိကန်ဒေါ်လာ ၁သန်းချီးမြှင့်မည့် Games of The Future 2024 ၏ MLBB ပြိုင်ပွဲ ယနေ့ညနေတွင် စတင်တော့မည်
Games of The Future 2024 ၏ MLBB Day 1 ပြိုင်ပွဲကြီးကို ရုရှားနိုင်ငံ ကာဇန်မြို့တွင် ယနေ့  ဖေဖော်ဝါရီ ၂၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၂၀ (မြန်မာစံတော်ချိန် ၄နာရီဝန်းကျင်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်း​ဘေးအန္တရာယ် ကျရောက်ပျက်စီးနိုင်သော တလုပ္ပင်ကျေးရွာအုပ်စုမှ အိမ် အလုံး ၃၀၀ အတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌  ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ ပြည်သူ့စစ်ဥပဒေနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မုတ်ကောင်များ သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့် ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင်များ ထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။