ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံသူ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။







