ရေစကြိုမြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာ၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယား ကျေးရွာတို့မှ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံး၊ အိမ်ထောင်စု ၁၆ စု၊ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၇၉ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
ပူတာအိုမြို့နယ်၌ စနီခချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ
မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
မွန်ပြည်နယ် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး  ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်  ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၁၀ နံနက်ပိုင်းက မော်လမြိုင် မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ရာ
နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့

 

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာနေအိမ်များအား ပိုးသတ်ဆေးဖျန်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနေအိမ်များအား ပိုးသတ်ဆေး (ကလိုရင်းဆေးရည်)ဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ