မုဒုံမြို့နယ် ကမာဝက်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ပတ်ဝန်းကျင်သာယာလှပ စိမ်းလန်း စိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် နံနက်ပိုင်းက အလယ် တန်းကျောင်းဆောက်လုပ်မည့် မြေနေရာတောင်ဘက်ခြမ်း လမ်းဘေးဝဲယာတစ်လျှောက် တွင် ကျင်းပခဲ့သည်။







