ခရမ်းချဉ်(အင်းသီး)များ ယခင်နှစ်ထက် ဈေးကောင်းရရှိ
မန္တလေးမြို့ သီရိမာလာကုန်စိမ်း လက်ကားဈေးသို့ ယခုနှစ်တွင် စတင်ဝင်ရောက်လာသည့် ခရမ်းချဉ် (အင်းသီး)များ ယခင်နှစ် ဈေးနှုန်းထက် ငွေကျပ် ၁၀၀၀၀ ကျော် မြင့်တက်ကာ ဈေးကောင်းရရှိ နေကြောင်း အဆိုပါ ဈေးရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။




