ပင်လောင်းမြို့နယ်၌ ပြောင်းခူးဆွတ်ချိန်ကာလ ဒေသခံပြည်သူများ မိသားစုပုံမှန်ဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပင်လောင်း မြို့နယ် ကောင်လှိုင်းကျေးရွာတွင် အစေ့ထုတ်ပြောင်းကို အများဆုံးစိုက်ပျိုးကြပြီး ပြောင်းခူးဆွတ်ချိန်ကာလတွင် ဒေသခံပြည်သူများအနေဖြင့် မိသာစုဝင်ငွေများ ပုံမှန်ရရှိကြကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို  ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက နောင်ခဲကျေးရွာတွင် ဆောင်ရွက်ကြသည်။
မြင်းခြံ၌ ဆည်ကန်များပြုပြင်မှု ကွင်းဆင်းကြည့်ရှု
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ လုပ်ငန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့သည် ဆည်မြောင်းဦးစီးမှူးနှင့်အတူ မြင်းခြံမြို့နယ်၊ ပြားရွာရှိ တောင်ကြားဝ ဆည်သို့ သွားရောက်၍
နတ်မောက်မြို့နယ်တွင် စက်ရေတွင်းပြင်သင်တန်းသားများ မြေပြင်ကွင်းဆင်းပြီး လက်တွေ့သင်ကြား
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်သင်တန်းများအား မြေပြင်ကွင်းဆင်း လက်တွေ့သင်ကြားမှုများကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခန့်က အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ပုဂံ-ညောင်ဦးမြို့မှ မြင်းလှည်းမောင်းသူများ မြင်းစာအခက်အခဲကြောင့် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်ကြုံနေ
ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံ-ညောင်ဦးမြို့မှ မြင်းလှည်းမောင်းသူများ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသည် ဝင်ရောက်မှုမရှိ၍ မြင်းလှည်းငှားမလိုက်ရဘဲ ဝင်ငွေမရှိခြင်းကြောင့် ရှေ့ဆက်မြင်းစာကျွေးမွေးရန် မတတ်နိုင်ကြတော့သည့်အတွက် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်ကြုံနေရကြောင်း ပုဂံ-ညောင်ဦး မြင်းလှည်းမောင်းသူများအသင်းမှ သိရသည်။
ဓနုဖြူမြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ် စီမံခန့်ခွဲမှုဥပဒေအနှစ်ချုပ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်စီမံခန့်ခွဲမှုဥပဒေ အနှစ်ချုပ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီ  ၂၇ရက် နံနက် ၈ နာရီက ဓနုဖြူမြို့အဝင်ဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသောအသက်(၂)အောက် ကလေးငယ်များအား  အကျိုးခံစားခွင့်များ ထောက်ပံ့ငွေများ ပေးအပ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လပတ်( MCCT )အကျိုးခံစားခွင့်ရှိသူများ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက်က ထီလုံကျေးရွာနှင့် သပုထိုကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။